နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တိုက်စစ်မှူး အဂူရိုအနေဖြင့် လာလီဂါသို့ ပြန်ကစားစေလိုကြောင်း ဖော်လန် ပြော

ဇူလိုင်   ၁၆


အက်သလက်တီကို တိုက်စစ်မှူးဟောင်း ဖော်လန်က အသင်းဖော်ဖြစ်ခဲ့ဖူးသည့် မန်စီးတီးအသင်း တိုက်စစ်မှူး အဂူရိုကို လာလီဂါသို့ ပြန်ကစားစေလိုကြောင်း ပြောကြားခဲ့သည်။

ဖော်လန်က “ကျွန်တော်ကတော့ အဂူရိုကို လာလီဂါမှာ ပြန်လည်မြင်တွေ့လိုပါတယ်၊ ကျွန်တော် မှတ်မိ သလောက် သူ အက်သလက်တီကိုအသင်းကိုရောက်လာတာ ငယ်ပါသေးတယ်၊ ဒါပေမဲ့ ဘောလုံးပညာမှာတော့ အားကိုးအားထားပြုရလောက်တဲ့ပုံစံပါ၊ သူ့အနေနဲ့ မန်စီးတီးအသင်းကနေထွက်ခွာတဲ့အချိန် လာလီဂါမှာ ပြန်လည်မြင်တွေ့လိုပါတယ်”ဟု ပြောသည်။ ယင်းတို့နှစ်ဦးသည် အက်သလက်တီကိုအသင်းတွင် ခြေစွမ်းပြ ကစားခဲ့သည့် ကစားသမားများဖြစ်သည်။ အဂူရိုသည် အက်သလက်တီကိုအသင်းတွင် ငါးနှစ်တာကစားခဲ့ပြီး အသင်းအတွက် ပွဲပေါင်း ၂၃၀ ထိကစားပေးခဲ့ကာ သွင်းဂိုး ၁၀၀ ထိသွင်းယူပေးခဲ့သူဖြစ်သည်။ အဂူရိုသည် ၂၀၁၁ ခုနှစ်က မန်စီးတီးအသင်းသို့ပြောင်းရွှေ့ခဲ့ပြီး အသင်းတွင် အကောင်းဆုံးခြေစွမ်းပြနေကာ အသင်းသမိုင်းတစ်လျှောက် သွင်းဂိုးအများဆုံးကစားသမားအဖြစ် မှတ်တမ်းဝင်ထားသူဖြစ်သည်။                                     


(သူရိန်)






အခြားဆက်စပ်သတင်းများ