ရေကြည် ဇူလိုင် ၁၆
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်တွင် သာသနာ့ရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနကကြီးမှူး၍ နှစ်စဉ်ကျင်းပပြုလုပ်သော ၂၀၂၀ ပြည့်နှစ် ပါဠိပထမပြန် စာမေးပွဲကိုမြို့နယ် သံဃာနာယကအဖွဲ့ရုံးကျောင်းတိုက်တွင် ဇူလိုင် ၁၅ ရက် နံနက် ၁၀ နာရီက သံဃာတော်များနှင့်သီလရှင် ဆရာလေးများကို ဆွမ်းကပ်လှူဒါန်းပြီး မွန်းတည့် ၁၂ နာရီတွင် ပါဠိပထမပြန် စာမေးပွဲကို ကျင်းပရာ ပထမကြီးတန်း၊ ပထမလတ်တန်း၊ ပထမငယ်တန်းနှင့်အခြေပြုမူလတန်းဟူ၍ ရဟန်း၊ သာမဏေအပါး ၃၀ တို့က တန်းစဉ်အလိုက်ဝင်ရောက်ဖြေဆိုလျက်ရှိစဉ်။
အောင်သူဟန် (ပြန်/ဆက်)