နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
စံချိန်တင်ကျဆင်းခဲ့သည့် တရုတ်နိုင်ငံ၏စီးပွားရေး တစ်ကျော့ပြန်ဦးမော့လာ

ဘေဂျင်း        ဇူလိုင်    ၁၆


စံချိန်တင်ကျဆင်းခဲ့သည့် တရုတ်နိုင်ငံ၏စီးပွားရေးမှာ ယခုနှစ် ဒုတိယသုံးလပတ်တွင် ၃.၂ ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း ဘီဘီစီသတင်းဌာနက ဖော်ပြသည်။ ကမ္ဘာ့ဒုတိယအကြီးဆုံးဖြစ်သည့် တရုတ်နိုင်ငံ၏ စီးပွားရေးမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပိတ်ဆို့မှုများ ပြုလုပ်ထားသည့် ယခုနှစ် ပထမသုံးလပတ်အတွင်း ၆.၈ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့သည်။ အဆိုပါပမာဏမှာ ပြည်တွင်းကုန်ထုတ်လုပ်မှု သုံးလပတ်အချက်အလက်များ စတင်မှတ်တမ်းယူခဲ့သည့်နောက်ပိုင်း အဆိုးရွားဆုံးကျဆင်းမှုဖြစ်သည်။ 


သို့သော် ပြီးခဲ့သည့်ဗုဒ္ဓဟူးနေ့က ထုတ်ပြန်ခဲ့သည့် ကိန်းဂဏန်းအချက်အလက်များအရ ဧပြီလမှ ဇွန်လ အတွင်း တရုတ်နိုင်ငံ၏ ပြည်တွင်းကုန်ထုတ်လုပ်မှု တိုးတက်လာကြောင်း တွေ့ရသည်။ တရုတ်နိုင်ငံက စီးပွားရေး လုပ်ငန်းများ ပြန်လည်စတင်လျက်ရှိရာ ယခုထုတ်ပြန်ခဲ့သည့် ကိန်းဂဏန်းများကို ကမ္ဘာတစ်ဝန်းရှိ စီးပွားရေး ပညာရှင်များက စေ့စေ့စပ်စပ် သုံးသပ်လျက်ရှိသည်။ အဆိုပါကိန်းဂဏန်းများမှာ ကျွမ်းကျင်ပညာရှင်များ ခန့်မှန်းထားသည့်ပမာဏထက် ပိုမြင့်မားနေကာ ရုတ်တရက်ထိုးကျပြီး တဟုန်ထိုးပြန်တက်သည့် V ပုံသဏ္ဍာန် စီးပွားရေးပြန်လည်ဦးမော့မှု အနေအထား ရှိသည်။ တရုတ်အစိုးရမှာ အခွန်စည်းမျဉ်းများ ဖြေလျှော့ပေးမှုအပါအဝင် စီးပွားရေးအားကောင်းလာစေမည့် စည်းမျဉ်းများ ထုတ်ပြန်ပေးခဲ့သည်။ သို့သော် စီးပွားရေးပညာရှင်အချို့က တရုတ်နိုင်ငံ၏ စီးပွားရေးဦးမော့မှုကို V ပုံသဏ္ဍာန်အနေအထားဟု သတ်မှတ်ရန်တွန့်ဆုတ်နေဆဲဖြစ်သည်။                                   

KNT






အခြားဆက်စပ်သတင်းများ