နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့ဝင်များအား COVID-19 ကူးစက်ရောဂါ ကြိုတင်ကာကွယ်ရန် အတွက် အလှူငွေပေးအပ်လှူဒါန်း

ရန်ကုန် ဧပြီ ၁၀ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့တွင် တာဝန်ထမ်းဆောင်နေသော တပ်ဖွဲ့ဝင်နှင့် စာရေးဝန်ထမ်းများ အား COVID-19 ကူးစက်ရောဂါ ကြိုတင်ကာကွယ်နိုင်ရန်အတွက် ကျပ်သိန်း(၁၀၀) ပေးအပ်လှူဒါန်းပွဲကို ဧပြီ ၁၀ ရက်၊ နံနက် ၁၀ နာရီမှ ၁၀ နာရီခွဲအထိ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး၊ အစည်းအဝေး ခန်းမ(၁)၌ ပြုလုပ်ခဲ့ပါသည်။ အဆိုပါလှူဒါန်းပွဲတွင် ဒေါ်ဟုန်(ဆန်ဆိုင် နှင့် အာရှရွှေကြယ်တိုင်းရင်းဆေးဝါးထုတ်လုပ်ရေး)မှ ငွေကျပ်သိန်း (၁၀၀)အား ပေးအပ်လှူဒါန်းခဲ့ရာ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးချုပ် မျိုးမင်းထိုက်က လက်ခံရယူပြီး ကျေးဇူးတင်စကားပြောကြားခဲ့ကြောင်းနှင့် အဆိုပါလှူဒါန်းပွဲသို့ ဒုတိယတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ဇော်မင်းဦး၊ ဦးစီးအရာရှိ(ပထမတန်း) ဒုတိယရဲမှူးကြီး သိန်းလွင်၊ တိုင်းအကူတပ်ဖွဲ့ခွဲမှူး ဒုတိယရဲမှူးကြီး ယုနိုင် တို့တက်ရောက်ခဲ့ကြောင်း သိရသည်။ ဆွေဦး






အခြားဆက်စပ်သတင်းများ