နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဗီယက်နမ်နိုင်ငံမှ မြန်မာနိုင်ငံအတွက် အမေရိကန်ဒေါ်လာ ၅၀,၀၀၀ ပေးအပ်လှူဒါန်းခဲ့

ရန်ကုန် ဧပြီ ၁၀ COVID-19 အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါပြန့်ပွားမှု နှင့်ပတ်သက်၍ ကာကွယ် တုံ့ပြန်ရေး ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု တစ်ရပ်အနေဖြင့် ဗီယက်နမ်နိုင်ငံမှ မြန်မာနိုင်ငံသို့ အမေရိကန်ဒေါ်လာ ၅၀,၀၀၀ အား ပေးအပ်လှူဒါန်းသည့် အခမ်းအနားကို ဧပြီ ၁၀ ရက်၊ နံနက် ၁၀ နာရီအချိန်တွင် ဗီယက်နမ် ဆိုရှယ်လစ်သမ္မတနိုင်ငံ၊ ဟနွိုင်းမြို့ရှိ ဗီယက်နမ်နိုင်ငံခြားရေးဝန်ကြီးဌာနရုံးအဆောက်အဦ၌ ကျင်းပ ပြုလုပ်ခဲ့ရာ ဗီယက်နမ်နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး H.E. Mr. Nguyen Quoc Dung မှအဆိုပါ လှူဒါန်းငွေများကို လွှဲပြောင်းပေးအပ်ခဲ့ပြီး ဗီယက်နမ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်စိုးဝင်းက လက်ခံရယူခဲ့သည်။ အဆိုပါအခမ်းအနား၌ ဒုတိယဝန်ကြီး H.E. Mr. Nguyen Quoc Dung က မြန်မာအစိုးရအနေဖြင့် COVID-19 ကူးစက် ရောဂါပြန့်ပွားမှုနှင့် ပတ်သက်၍ ကာကွယ်တုံ့ပြန်ရေးအတွက် အစဉ်တစိုက် ကြိုးပမ်း အားထုတ်မှုများအပေါ် တန်ဖိုးထားအသိအမှတ်ပြုကြောင်း၊ မြန်မာနှင့် ဗီယက်နမ်နှစ်နိုင်ငံသည် အာဆီယံ မိသားစုအဖွဲ့ဝင်နိုင်ငံများဖြစ်ပြီး ဘက်စုံပူးပေါင်းဆောင်ရွက်မှု မဟာမိတ်နိုင်ငံများလည်းဖြစ်ကြောင်း၊ နှစ်နိုင်ငံ အကြားထားရှိသော ချစ်ကြည်ရင်းနှီးမှုနှင့် အိမ်နီးချင်းကောင်းနိုင်ငံတစ်နိုင်ငံအနေဖြင့် ဗီယက်နမ် အစိုးရနှင့် ပြည်သူများမှ မြန်မာနိုင်ငံ၏ COVID-19 ကူးစက်ရောဂါကို တိုက်ထုတ်ကာကွယ်ရာတွင် ပူးပေါင်းပါဝင်သော အားတစ်ရပ်အဖြစ် မြန်မာနိုင်ငံအစိုးရနှင့် ပြည်သူများအတွက် အမေရိကန်ဒေါ်လာ ၅၀,၀၀၀/- အား လှူဒါန်းခြင်း ဖြစ်ကြောင်း၊ မိမိတို့အားလုံးအနေဖြင့် စိန်ခေါ်မှုများကို အတူတကွ ရင်ဆိုင် ကျော်လွှားကြမည်ဖြစ်ကြောင်းကို ပြောကြားခဲ့သည်။ လှူဒါန်းမှုအခမ်းအနားတွင် သံအမတ်ကြီး ဦးကျော်စိုးဝင်းက ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့သည်။ အဆိုပါ လှူဒါန်းငွေ အမေရိကန်ဒေါ်လာ ၅၀,၀၀၀/- အား မြန်မာနိုင်ငံရှိ သက်ဆိုင်ရာ အဖွဲ့အစည်းဖြစ်သည့် Coronavirus Disease 2019 (COVID-19) ကာကွယ်၊ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီထံသို့ ဆက်သွယ်၍ ဘဏ်မှတစ်ဆင့် ပြန်လည်လွှဲပြောင်း ပေးအပ်နိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရှိရသည်။ နိုင်ငံခြားရေးဝန်ကြီးဌာန






အခြားဆက်စပ်သတင်းများ