နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အဝလွန်ရောဂါ ထိန်းချုပ်ရေး

ရန်ကုန်၊ ဇူလိုင် ၁၆


အဝလွန်ခြင်းသည် လူကြီးများတွင်အဖြစ်များရုံမက ကလေးငယ်တွေနှင့် ငယ်ရွယ်သူများတွင် ဖြစ်ပေါ်နေသည်။ ကလေးသုံးယောက်လျှင် တစ်ယောက်မှာ အဝလွန်မှုမြင့်တက်လာခြင်းကို အသက် ၁၀ နှစ်အောက်တွင် ရပ်တန့်နိုင်ကြောင်း လေ့လာမှုတစ်ခုက ဆိုထားသည်။ သုတေသနပညာရှင်များက အသက် ၁၀ နှစ်မှ ၁၅ နှစ်အရွယ်ရှိသူများသည် အဝလွန်မြင့်တက်လျက်ရှိသည်။ အဝလွန်ခြင်းသည် ကိုယ်ခန္ဓာမှာ အဆီအလွန်အကျွံစုဝေးခြင်းဖြစ်ပြီး ကျန်းမာရေးအတွက် ဆိုးကျိုးဖြစ်ပေါ်စေနိုင်သည်။

ကျန်းမာရေးဌာနက အဝလွန်မှုနှင့်ဆက်စပ်၍ နှလုံးရောဂါ၊ ဆီးချိုရောဂါ၊ ကင်ဆာရောဂါအချို့နှင့် မြုံခြင်း ကဲ့သို့ များပြားသောကျန်းမာရေးပြဿနာများနှင့် ဆက်နွှယ်မှုရှိကြောင်း ထုတ်ပြန်ထားသည်။ မျက်မှောက်ကာလ  လူမှုဘဝတွင် အရေးကြီးဆုံးအချက်မှာ လူတစ်ဦးချင်းစီအလိုက် သင့်တင့်မျှတကောင်းမွန်သည့် ကျန်းမာခြင်းကို  ရရှိပိုင်ဆိုင်ထားခြင်းဖြစ်သည်။ မိမိတို့နေထိုင်စားသောက်မှုဘဝတွင် ဆီလျော်ညီညွတ်မှုမရှိသည့် စားသောက်မှု ပုံစံများကြောင့် ကျန်းမာရေးအတွက် ထိခိုက်မှုများရှိလာသည်။ ယနေ့အခြေအနေတွင် လူငယ်လူရွယ်များ အခြားဗာရီရကိစ္စများဖြင့် အချိန်ကုန်လွန်လျက်ရှိပြီး ကျန်းမာကြံ့ခိုင်ရေးကို ဂရုမစိုက်ပြုမူနေထိုင်ကြသည်ကို တွေ့မြင်နေရသည်။


ကလေးအများစုသည် မွေးစတွင် အဝလွန်ခြင်းမဖြစ်ဘဲ မူလတန်းပြီးဆုံးချိန်တွင် အဝလွန်ခြင်းမှာ စိတ်ပျက်စရာကောင်းကြောင်း၊ ကလေးက ဝဝကစ်ကစ်လေးချစ်ဖို့ကောင်းတာဟု ပြောဆိုတတ်ကြသော်လည်း ချစ်ဖို့ထက် စိုးရိမ်စရာကောင်းကြောင်း သတိပြုရမည်ဖြစ်သည်။ မည်သည့်အသက်အရွယ်မဆို ဝခြင်း၊ ပိန်ခြင်း သည် ကျန်းမာရေးအရ မသင့်တော်ချေ။ သူ့အရွယ်နှင့်သူ ထိုက်သင့်သော ကိုယ်အလေးချိန်ရှိမှသာ ကျန်းမာစွာ နှင့် ရောဂါကင်းရှင်းစွာနေနိုင်မည်ဖြစ်သည်။ ကလေးအရွယ်ကတည်းက ဝနေပါက နောင်အသက်အရွယ်တွင် ဝဖြိုးလွန်ခြင်းကြောင့် စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာများတွင် ထိခိုက်မှုဖြစ်ပေါ်စေနိုင်သည်။

အသက်ငယ်ရွယ်သောအုပ်စုတွင် အဝလွန်မှုမဖြစ်စေရေး ကြိုတင်ကာကွယ်မှုများပြုလုပ်ရန် ကျွမ်းကျင်သူ များက ထုတ်ပြန်ထားသည်။ ကျန်းမာကြံ့ခိုင်သောဘဝများကိုပိုင်ဆိုင်ရန် တက်ကြွလှုပ်ရှားပြီး ကယ်လိုရီ လျှော့ချရေးကို ဦးတည်ဆောင်ရွက်သင့်သည်။ အဝလွန်ခြင်း သို့မဟုတ် မိမိရှိသင့်သည်ထက်ပို၍ ကိုယ်အလေးချိန် မြင့်တက်လာခြင်းက နှလုံး၊ သွေးတိုး၊ ဆီးချို၊ လေးဖက်နာ၊ လေဖြတ်ခြင်းစသည့် နောက်ဆက်တွဲဆိုးကျိုးများ ဖြစ်ပေါ်စေနိုင်သဖြင့် လမ်းလျှောက်ခြင်းဖြင့် အဝလွန်မှုကိုလျှော့ချသင့်သည်။


စိတ်ဖိစီးမှုများပြားလာသည့်အခါ လမ်းများများ လျှောက်ပေးသင့်သည်။ ယင်းကဲ့သို့ လမ်းလျှောက်ပေးခြင်း ဖြင့် စိတ်ဖိစီးမှုများပြေပျောက်သွားပြီး တက်ကြွရွှင်လန်းကာ ခွန်အားသစ်များတိုးပွားလာမည်ဖြစ်သည်။ ကိုယ်လက်လှုပ်ရှားလမ်းလျှောက်ခြင်းဖြင့် ခန္ဓာကိုယ်အဝလွန်မှုကို လျှော့ချနိုင်သည်။ အဝလွန်ခြင်းကြောင့် ယနေ့ဖြစ်ပွားမှုများပြားနေသော ကျန်းမာရေးပြဿနာများကို ထိန်းထားနိုင်ပေသည်။ အဝလွန်ရောဂါကို သာမန်ကြည့်ရုံဖြင့် အဝလွန်ကြောင်း မသုံးသပ်သင့်ဘဲ တိကျသောတိုင်းတာမှု၊ စစ်ဆေးမှုများပြုသင့်သည်ဟု ဆိုချင်ပါကြောင်း ။         ။






အခြားဆက်စပ်သတင်းများ