နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
နှစ်ဆန်းတစ်ရက်နေ့တွင် ရွှေတိဂုံဘုရား၌ ကျင်းပပြုလုပ်ရန် ရည်မှန်းထားသော (၃၈)ကြိမ်မြောက် ဒါနဥပပါရမီ စုပေါင်းသွေးလှူဒါန်းပွဲအား ရက်အကန့်အသတ်မရှိ ရွှေ့ဆိုင်း

ရန်ကုန် ဧပြီ ၁၀ ကိုရိုနာဗိုင်းရပ်စ်ရောဂါ(COVID-19) ကူးစက်ပြန့်ပွားမှုအား ကြိုတင်ကာကွယ်သည့်အနေဖြင့် နှစ်ဆန်း တစ်ရက်နေ့တွင် ရွှေတိဂုံစေတီတော်မြတ်ကြီး ရင်ပြင်တော်ပေါ်၌ ကျင်းပပြုလုပ်ရန် ရည်မှန်းထားသော (၃၈)ကြိမ်မြောက် ဒါနဥပပါရမီ စုပေါင်းသွေးလှူဒါန်းပွဲကို ရက်အကန့်အသတ်မရှိ ရွှေ့ဆိုင်းလိုက်ကြောင်းသိရသည်။ ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့မှ ကြီးမှူးပြီး ပြည်သူများပါဝင်သော ဒါနဥပပါရမီ စုပေါင်းသွေးလှူဒါန်းပွဲ များကို လေးလတစ်ကြိမ်ပုံမှန်ကျင်းပလေ့ရှိသည့်အပြင် နှစ်စဉ်မြန်မာနှစ်ဆန်းတစ်ရက်နေ့တွင်လည်း ရွှေတိဂုံ စေတီတော်မြတ်ကြီး ရင်ပြင်တော်ပေါ်၌ ကျင်းပပြုလုပ်လေ့ရှိကြောင်း သိရသည်။ ယခုနှစ်တွင် ပြည်တွင်း၌ လက်ရှိဖြစ်ပွားနေသာ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကူးစက်ပြန့်ပွားမှုအခြေအနေအရ လာမည့် နှစ်ဆန်းတစ်ရက်နေ့တွင် ကျင်းပပြုလုပ်ရန် ရည်မှန်းထားသော (၃၈)ကြိမ်မြောက် ဒါနဥပပါရမီ စုပေါင်းသွေးလှူဒါန်းပွဲအား ကျင်းပရန်မဖြစ်နိုင်တော့သဖြင့် ရက်အကန့်အသတ်မရှိ ရွှေ့ဆိုင်းလိုက်ပြီး မြန်မာ နိုင်ငံအတွင်း အဆိုပါရောဂါအား ကာကွယ်ထိန်းချုပ်နိုင်သောအခြေအနေ၊ အချိန်ကာလကျမှသာ အစားထိုး ပြန်လည်ကျင်းပသွားမည်ဖြစ်ကြောင်း ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့မှ ကြီးမှူးပြီး (၃၇)ကြိမ်မြောက် ဒါနဥပပါရမီ စုပေါင်းသွေးလှူဒါန်းပွဲကိုလည်း ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလအတွင်းက ရွှေတိဂုံစေတီတော် ရင်ပြင်တော်ပေါ်၌ ကျင်းပပြုလုပ်ခဲ့ရာ လူကြီးလူငယ်အများအပြား လာရောက်သွေးလှူဒါန်းခဲ့ကြကြောင်း၊ လက်ရှိတွင် ရွှေတိဂုံ ဘုရားဝင်းတစ်ခုလုံးအား ဧပြီလ ၁၀ ရက်မှ ၁၉ ရက်အထိ ၂၄ နာရီ ပိတ်ထားပြီး ဘုရားဝင်းတံခါးများကိုလည်း ပိတ်ထားကာ သက်ဆိုင်ရာ တာဝန်ရှိသူများက စောင့်ကြပ်လျက်ရှိကြောင်း သိရသည်။ (ဆောင်းဦး)






အခြားဆက်စပ်သတင်းများ