နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဗီဒီယိုနည်းပညာဆုံးဖြတ်ချက် မှားယွင်းခဲ့သည်ဟု ပရီးမီးယားလိဂ် ဝန်ခံ

ချဲလ်ဆီးအသင်းအတွက် ပြန်လည်ကစားခွင့်ရသည့်ပွဲစဉ်တွင် စပါး အသင်းဘက်သို့ အနိုင်ဂိုးတစ်ဂိုး သွင်းယူနိုင်ခဲ့သည့်အတွက် အလွန်ပင် ဝမ်းမြောက်မိသည်ဟု ချဲလ်ဆီးတိုက်စစ်မှူး အိုလီဗီယာဂီရော့စ်က ထုတ်ဖော်ပြောဆိုသည်။ ယခုရာသီတွင် ချဲလ်ဆီးအတွက် ၂ ပွဲသာ ပွဲထွက်ကစားခွင့်ရရှိခဲ့သော ဂီရော့ဒ်သည် စပါးနှင့်ပွဲတွင် ချဲလ်ဆီးတိုက်စစ်ကို ဦးဆောင်ကစားခွင့်ရရှိ ခဲ့ပြီး ချဲလ်ဆီးအတွက် အဖွင့်ဂိုးကိုလည်း သွင်းယူနိုင်ခဲ့သည်။ "အရမ်း ကောင်းတာပဲ။ တကယ်ကောင်းတဲ့ ခံစားမှုရရှိနေပါတယ်။ ကျွန်တော် ပျော်ပါတယ်။ ဒီလိုပွဲမျိုးမှာ အသင်းအနိုင်ရအောင် ကူညီနိုင်ခဲ့တဲ့အတွက် အရမ်းပျော်ပါတယ်။ ချဲလ်ဆီးအတွက် ပွဲထွက်ကစားခွင့်မရတာ ၃ လ ကြာခဲ့ပါပြီ။ ဒီနေ့ကတော့ ကျွန်တော့်အတွက်ရော အားလုံးအတွက်ပါ ထူးခြားတဲ့နေ့တစ်နေ့ပါပဲ"ဟု ဂီရော့ဒ်က ပြောသည်။ ဆီဇာအက်စ်ပီလီကူတာကလည်း "အားလုံးက အသင်းကိုကူညီ ပေးချင်နေကြတာပါ။ အားလုံးကလည်း နေရာရဖို့အတွက် ပြင်းပြင်း ထန်ထန် လေ့ကျင့်နေကြတယ်။ ဒီလိုပြိုင်ဆိုင်မှုတွေက အသင်းကို တိုးတက်စေပါတယ်"ဟု ပြောကြားခဲ့သည်။ ချဲလ်ဆီးက စပါးကို ၂-၁ ဖြင့် အနိုင်ရရှိခဲ့သော အဆိုပါပွဲစဉ်တွင် အက်စ်ပီလီကူတာကို စပါး ကွင်းလယ်လူ လိုဆယ်ဆို တက်နင်းခဲ့သော်လည်း ဒိုင်က ဗီဒီယို နည်းပညာပြန်ကြည့်ပြီး အနီကတ်ပြထုတ်ပယ်ခြင်း မပြုခဲ့ချေ။ "ကျွန်တော် သဘောမကျပါဘူး။ ဒီဖြစ်ရပ်ကို တစ်ကမ္ဘာလုံးမြင်ကြ မှာပါ။ ဒီနေရာကနေပြီး အနီကတ်ပြဖို့ ပြောရတာကိုတောင် ကျွန်တော် မုန်းတယ်။ ဒါက ခြေထောက်ကျိုးသွားစေနိုင်ပါတယ်"ဟု ချဲလ်ဆီး နည်းပြ လမ်းပတ်က အပြစ်တင်ဝေဖန်သည်။ ပရီးမီးယားလိဂ်အဖွဲ့ချုပ် ကလည်း ဗီဒီယိုနည်းပညာဖြင့် ပြန်ကြည့်ပြီး လိုဆယ်ဆိုကို မထုတ်ပယ် ခဲ့ခြင်းမှာ မှားယွင်းသည်ဟု ဝန်ခံမှုပြုခဲ့သည်။






အခြားဆက်စပ်သတင်းများ