နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ချန်ပီယံလိဂ်ကွာတားဖိုင်နယ်က ခက်ခဲမယ်လို့ PSG နည်းပြ သောမတ်စ်တူချယ် ယုံကြည်

ဇူလိုင်   ၁၅


PSG နည်းပြသောမတ်စ်တူချယ်က အတ္တလန္တာနှင့်ကစားရမည့် ချန်ပီယံလိဂ်ကွာတားပွဲစဉ်မှာ အလွန်ခက်ခဲ သည့် ပွဲစဉ်ဖြစ်လာလိမ့်မယ်လို့ပြောကြားလိုက်ပါတယ်။ ချန်ပီယံလိဂ် ၁၆ သင်းအဆင့် လက်ကျန်ပွဲကစားရန် ရှိနေချိန်မှာ PSG ကမူ ၁၆ သင်းအဆင့်မှာ ဒေါ့မွန်ကိုနှစ်ကျော့ပေါင်း ၂-၃ဖြင့် အနိုင်ရခဲ့ပြီးဖြစ်သလို အတ္တလန္တာ ကလည်း ဗလန်စီယာကိုနှစ်ကျော့ပေါင်း ၈-၄ ဖြင့် အနိုင်ယူကွာတားဖိုင်နယ်ကို တက်လာခဲ့ပြီးဖြစ်ပါတယ်။


ကွာတားပွဲနဲ့ဆီမီးဖိုင်နယ်ပွဲစဉ်တွေကို ဇူလိုင် ၁၀ ရက်နေ့ကမဲခွဲရာမှာ PSG က အတ္တလန္တာနဲ့ထိပ်တိုက် တွေ့ဆုံနေခြင်းပဲဖြစ်ပါတယ်။ အတ္တလန္တာနှင့်ပွဲမှာ အလွန်ခက်ခဲမယ်ထင်ပေမယ့် လက်ကျန်ပြည်တွင်းပွဲစဉ် တွေကိုလည်း အာရုံစိုက်ကစားသွားပါမယ်လို့ သောမတ်စ်တူချယ်က ပြောပါတယ်။


အတ္တလန္တာမှာ အရည်အသွေးရှိ အားကစားသမားများစွာရှိကြောင်း ပြီးခဲ့သည့် တနင်္ဂနွေနေ့က ဂျူဗင်တပ်ကို ကောင်းစွာ ယှဉ်ပြိုင်ကစားသွားတာကို တွေ့မြင်ခဲ့ရပါတယ်။ ဟန်ချက်ညီတဲ့တိုက်စစ်အားသာတဲ့အသင်းလဲဖြစ်တယ်လို့  တူချယ်ကမှတ်ချက်ချခဲ့ပါတယ်။


ချန်ပီယံလိဂ်မှတ်တမ်းများအရဆိုရင် PSG နဲ့ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ် များတွင် အီတလီအသင်းများတစ်ခါမျှမရှုံးခဲ့ဖူးတဲ့ မှတ်တမ်းရှိနေပါတယ်။ လာမည့် ချန်ပီယံလိဂ်ကွာတား ဖိုင်နယ်ပွဲဖြစ်တဲ့ PSG နဲ့ အတ္တလန္တာတို့ရဲ့ပွဲစဉ်မှာတော့ မှတ်တမ်းကြီးကျိုးပျက်သွား/မသွားကို စောင့်ကြည့် ရမှာပဲဖြစ်ပါတယ်။                 


(SO)






အခြားဆက်စပ်သတင်းများ