နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဟောင်ကောင်မြို့ကို အထူးအခွင့်အရေးပေးမှု အဆုံးသတ်သည့်အမိန့်ကို ဒေါ်နယ်ထရမ့် လက်မှတ်ရေးထိုး

ဝါရှင်တန်၊ ဇူလိုင် ၁၅


အမေရိကန်အစိုးရက တရုတ်နိုင်ငံအပေါ် ပြတ်ပြတ်သားသား တုံ့ပြန်လှုပ်ရှားလျက်ရှိရာ ဟောင်ကောင်မြို့ ကို အထူးအခွင့်အရေးပေးမှု အဆုံးသတ်သည့်အမိန့်အား အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က လက်မှတ်ရေးထိုး ခဲ့သည်။ '' ဟောင်ကောင်မြို့ကို  တရုတ်ပြည်မကြီးနဲ့တန်းတူ  ဆက်ဆံသွားမယ်''ဟု ဒေါ်နယ်ထရမ့်က သတင်းထောက်များကို ပြောခဲ့သည်။ 

ထို့အပြင် ဟောင်ကောင်မြို့၏ အခွင့်အရေးများကို ဖျက်သိမ်းသည့် တရုတ်အရာရှိများအပေါ် အရေးယူပိတ်ဆို့မှုများချမှတ်မည့် နှစ်ပါတီဥပဒေပြဋ္ဌာန်းမှုကို လက်မှတ်ရေးထိုး သွားမည်ဟု ဒေါ်နယ်ထရမ့်က ဆိုသည်။


ဗြိတိန်နိုင်ငံ၏ ကိုလိုနီနယ်မြေဟောင်းဖြစ်သည့် ဟောင်ကောင်မြို့မှာ တရုတ်ပြည်မကြီးတွင် မတွေ့ရသည့် လွတ်လပ်ခွင့်များ ရရှိခဲ့သည်။ သို့သော် တရုတ်အစိုးရက ပြဋ္ဌာန်းခဲ့သည့် လုံခြုံရေးဥပဒေသစ်ကြောင့် ၁၉၈၄ ခုနှစ် ဗြိတိန်-တရုတ် သဘောတူညီချက်အရ ပေးအပ်ထားသည့် ဟောင်ကောင်မြို့၏ အထူးအခွင့်အရေးများ အဆုံးသတ်သွားမည်ကို ဒေသခံများက စိုးရိမ်နေသည်။ 

ဟောင်ကောင်မြို့အရေးနှင့်ပတ်သက်၍ တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် ဆွေးနွေးရန် အစီအစဉ် ရှိ၊ မရှိ ဂျာနယ်လစ်တစ်ဦးက မေးမြန်းရာတွင် ဒေါ်နယ်ထရမ့်က အစီအစဉ်မရှိဟု ဖြေဆိုခဲ့သည်။


KNT






အခြားဆက်စပ်သတင်းများ