နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
CIA ထံ သတင်းအချက်အလက်များ ရောင်းစားသူကို ကွပ်မျက်ခဲ့ဟု အီရန်နိုင်ငံ ဆို

တီဟီရန်၊ ဇူလိုင် ၁၅


အမေရိကန်နိုင်ငံထံ သတင်းအချက်အလက်များ ရောင်းစားသည်ဟု စီရင်ချက်ချမှတ်ခံခဲ့ရသည့် ကာကွယ်ရေးဝန်ကြီးဌာန ဝန်ထမ်းဟောင်းတစ်ဦးကို ကွပ်မျက်လိုက်ကြောင်း အီရန်နိုင်ငံက ပြောသည်။ ပြီးခဲ့သည့်ရက်သတ္တပတ်က ရီဇာအက်စ်ဂါရီကို ကွပ်မျက်ခဲ့ကြောင်း တရားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အစ်မိုင်လီက ပြောသည်။ ရီဇာအက်စ်ဂါရီသည် ၂၀၁၆ ခုနှစ်က ကာကွယ်ရေးဝန်ကြီးဌာန၏ လေကြောင်းဌာနမှ အနားယူခဲ့ပြီးနောက် အီရန်နိုင်ငံ၏ ဒုံးကျည်စီမံကိန်းနှင့်ပတ်သက်သည့် အသေးစိတ်အချက်အလက်များကို CIA ထံ ပေးအပ်ခဲ့သည်ဟု အစ်မိုင်လီက ဆိုသည်။ 


ရီဇာအက်စ်ဂါရီကို မည်သည့်အချိန်က ဖမ်းဆီး၊ ရုံးတင်စစ်ဆေးပြီး သေမိန့် ချမှတ်ခဲ့သည်ဆိုခြင်းကို အစ်မိုင်လီက ထည့်သွင်းပြောကြားခဲ့ခြင်းမရှိပေ။ သူလျှိုလုပ်မှုဖြင့် စီရင်ချက်ချမှတ်ခံရသည့် အခြားအမျိုးသား တစ်ဦးဖြစ်သူ မူဆာဗီမာဂျစ်အကြောင်း မေးမြန်းချိန်တွင် အစ်မိုင်လီက ယခုကဲ့သို့ ပြောခဲ့ခြင်းဖြစ်သည်။ မူဆာဗီမာဂျစ်မှာလည်း ဆီးရီးယားနိုင်ငံရှိ အီရန်တပ်ဖွဲ့များ၏ လှုပ်ရှားမှုများနှင့်ပတ်သက်၍ CIA နှင့် အစ္စရေးနိုင်ငံ၏ မော့ဆတ်(Mossad) ထောက်လှမ်းရေးအေဂျင်စီကို သတင်းအချက်အလက်များ ပံ့ပိုးပေးခဲ့ခြင်း အတွက် သေဒဏ်ချမှတ်ခံခဲ့ရသူဖြစ်သည်။ ရီဇာအက်စ်ဂါရီ ကွပ်မျက်ခံရခြင်းနှင့်ပတ်သက်၍ အမေရိကန် အရာရှိများက မှတ်ချက်တစ်စုံတစ်ရာပေးခြင်းမရှိသေးပေ။                                                               


 KNT






အခြားဆက်စပ်သတင်းများ