နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဗြိတိန်အစိုးရက ဗြိတိန်ကုမ္ပဏီများကို ဟွာဝေး၏ 5G ကွန်ရက်ကိရိယာများ ဝယ်ယူခွင့်ပိတ်ပင်

လန်ဒန်၊ ဇူလိုင် ၁၅


ဗြိတိန်နိုင်ငံ၏ မိုဘိုင်းဆက်သွယ်ရေးဝန်ဆောင်မှုကုမ္ပဏီများအနေဖြင့် လာမည့်ဒီဇင်ဘာလ ၃၁ ရက် နောက်ပိုင်း ဟွာဝေး(Huawei)ကုမ္ပဏီ၏ 5G ကွန်ရက် ကိရိယာသစ်များ ဝယ်ယူခွင့်မရှိသကဲ့သို့ ၂၀၂၇ ခုနှစ်နောက်ဆုံးထားပြီး ယင်းတို့၏ကွန်ရက်များတွင် အသုံးပြုနေသည့် ဟွာဝေးကုမ္ပဏီ၏ 5G ကွန်ရက် ကိရိယာအားလုံးကို ဖယ်ရှားရန် ဗြိတိန်အစိုးရက ကြေညာခဲ့သည်။ 


ဗြိတိန်နိုင်ငံ ဒစ်ဂျစ်တယ်ဌာန ဝန်ကြီး အိုလီဗာဒေါဒင်က အဆိုပါဆုံးဖြတ်ချက်ကို အောက်လွှတ်တော်တွင် ကြေညာခဲ့သည်။ ဟွာဝေးကုမ္ပဏီက အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်နေသည်ဆိုသည့် စွပ်စွဲချက်နှင့် အမေရိကန်အစိုးရက အရေးယူပိတ်ဆို့မှုများ ပြုလုပ်ခဲ့ပြီးနောက် ဗြိတိန်အစိုးရက ယခုကဲ့သို့ ဆုံးဖြတ် ခဲ့ခြင်းဖြစ်သည်။ ဟွာဝေးကုမ္ပဏီက စွပ်စွဲချက်များကို ငြင်းဆန်ထားသည်။ ယခုဆုံးဖြတ်ချက်ကြောင့် ဗြိတိန်နိုင်ငံ၏ 5G နည်းပညာ စတင်မိတ်ဆက်မည့်အချိန် တစ်နှစ်နောက်ကျသွားမည်ဖြစ်ပြီး ပေါင် ၂ ဘီလျံအထိ ထိခိုက် ဆုံးရှုံးရနိုင်သည်ဟု အိုလီဗာဒေါဒင်က ဆိုသည်။ 


အင်တာနက်မြန်နှုန်းမြင့်မားပြီး ကြိုးမဲ့ဆက်သွယ်ရေးကိရိယာများကို ပံ့ပိုးပေးနိုင်သည့် 5G နည်းပညာမှာ မိုဘိုင်းဂိမ်းကစားခြင်းမှအစ အရည်အသွေးမြင့်ဗီဒီယိုများ ထုတ်လွှင့်ပြသမှုအဆုံး အရာအားလုံးအတွက် အကျိုးရှိစေမည့်အရာဟု ဆိုသည်။ ဗြိတိန်နိုင်ငံ၏ မြို့ပေါင်းတစ်ဒါဇင်နီးပါးတွင် 5G ကွန်ရက်များ အသုံးပြု နေကြသော်လည်း အသုံးပြုခွင့်ရသူအရေအတွက်မှာ နည်းပါးလွန်းသည်။                                             


KNT






အခြားဆက်စပ်သတင်းများ