နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အာမေးနီးယား-အဇာဘိုင်ဂျန်နယ်စပ်တွင် တိုက်ပွဲဖြစ်ပွား၍ အဇာဘိုင်ဂျန်ဗိုလ်ချုပ်နှင့် အရာရှိ ၅ ဦး ကျဆုံး

ဘာကူ၊ ဇူလိုင် ၁၅


အာမေးနီးယားနယ်စပ်တွင် တိုက်ပွဲဖြစ်ပွားသည့် သုံးရက်မြောက်နေ့၌ အဇာဘိုင်ဂျန်စစ်တပ်၏ ဗိုလ်ချုပ်တစ်ဦးနှင့် အရာရှိ ၅ ဦး ကျဆုံးခဲ့သည်။ ထို့အပြင် အဇာဘိုင်ဂျန်စစ်တပ်၏ တပ်သားတစ်ဦးလည်း ကျဆုံးခဲ့ရာ စုစုပေါင်း သေဆုံးသူ ၁၁ ဦးအထိ ရှိလာခဲ့သည်။ အာမေးနီးယားဘက်တွင်လည်း အရာရှိ ၂ ဦး အပါအဝင် စစ်သည် ၄ ဦး သေဆုံးခဲ့သည်။

ဆိုဗီယက်ပြည်ထောင်စုတွင် ပါဝင်ခဲ့ကြသည့် အဇာဘိုင်ဂျန်နှင့် အာမေးနီးယားနိုင်ငံများမှာ ပိုင်ဆိုင်မှု အငြင်းပွားနေသည့် တောင်တန်းဒေသနှင့်ပတ်သက်၍ သွေးကြောင်းစီးသည့် စစ်ပွဲတိုက်ခိုက်ခဲ့ရဖူးသည်။  နာဂါနို-ကာရာဘက်ဒေသကို နိုင်ငံတကာက အဇာဘိုင်ဂျန်နိုင်ငံပိုင်နက်ဟု သတ်မှတ်ထားသော်လည်း အဆိုပါဒေသကို အာမေးနီးယားတိုင်းရင်းသားများက ထိန်းချုပ်ထားသည်။ 

ယခုဖြစ်ပွားသည့်တိုက်ပွဲမှာ အဆိုပါဒေသ၏ မြောက်ဘက်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ နယ်စပ်တွင်ရှိသည့် အရပ်သားဒေသကို အမြောက်ဆန်ဖြင့် ပစ်ခတ်ခဲ့သည်ဟု နှစ်ဖက်လုံးက အပြန်အလှန် စွပ်စွဲခဲ့ကြသည်။


KNT






အခြားဆက်စပ်သတင်းများ