နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဆင်းရဲနွမ်းပါးသူ သန်း ၅၀၀ အထိ ထပ်တိုးလာနိုင်ကြောင်း ကုလသမဂ္ဂအစီရင်ခံစာတွင် ဖော်ပြ

ဧပြီ ၉၊ လန်ဒန် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့ခြင်းကြောင့် စီးပွားရေးကျဆင်းသည့်အတွက် ကမ္ဘာတစ်ဝန်းတွင် ဆင်းရဲနွမ်းပါးသူ သန်း ၅၀၀ အထိ ထပ်တိုးလာနိုင်သည်ဟု ကုလသမဂ္ဂ၏ လေ့လာမှုတစ်ရပ်တွင် ဖော်ပြထားသည်။ ကပ်ရောဂါကြောင့် ဘဏ္ဍာရေးနှင့် လူသားများ ထိခိုက်ခံစားရမှုများအပေါ် လေ့လာသည့် ကုလသမဂ္ဂ၏ လေ့လာမှုတွင် ယခုကဲ့သို့ သတိပေးထားခြင်းဖြစ်သည်။ လက်ရှိအနေအထားအရ နှစ် ၃၀ အတွင်း ပထမဆုံးအကြိမ်အဖြစ် ကမ္ဘာတစ်ဝန်းတွင် ဆင်းရဲနွမ်းပါးသူ အရေအတွက် မြင့်တက်လာလိမ့်မည်ဟု အဆိုပါအစီရင်ခံစာတွင် ဖော်ပြသည်။ လာမည့်ရက်သတ္တပတ်တွင် ကမ္ဘာ့ဘဏ်၊ နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့နှင့် G-20 အဖွဲ့ဝင်နိုင်ငံများ၏ ဘဏ္ဍာရေးဝန်ကြီးများ တွေ့ဆုံဆွေးနွေးကြမည်ဖြစ်သည်။ '' စီးပွားရေးပြဿနာက ကျန်းမာရေးပြဿနာထက် ပိုပြင်းထန်မယ့် အလားအလာရှိပါတယ်''ဟု သြစတြေးလျအမျိုးသားတက္ကသိုလ်မှ ခရစ္စတိုဖာဟွိုင်းက ပြောသည်။ ကမ္ဘာတစ်ဝန်းတွင် ဆင်းရဲနွမ်းပါးသူအရေအတွက် သန်း ၄၀၀ မှ သန်း ၆၀၀ ကြား မြင့်တက်လာလိမ့်မည်ဟု အစီရင်ခံစာတွင် ဖော်ပြသည်။ COVID-19 ကပ်ရောဂါ ပြီးဆုံးသွားပါက ကမ္ဘာ့လူဦးရေ ၇ ဒသမ ၈ ဘီလျံ၏ တစ်ဝက်ကျော်မှာ ဆင်းရဲနွမ်းပါးစွာ နေထိုင်ရဖွယ်ရှိသည်ဟု ခန့်မှန်းထားသည်။ ဆင်းရဲနွမ်းပါးသူစာရင်းထဲ ဝင်ရောက်လာသူများအနက် ၄၀ ရာခိုင်နှုန်းမှာ အာရှအရှေ့ပိုင်းနှင့် ပစိဖိတ်ဒေသတို့မှဖြစ်ပြီး သုံးပုံ၊ တစ်ပုံစီမှာ ဆာဟာရတစ်ပိုင်း အာဖရိကနိုင်ငံများနှင့် အာရှတောင်ပိုင်းနိုင်ငံများမှဖြစ်မည်ဟု ဆိုသည်။ Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ