နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကံတရားရဲ့ မျက်နှာသာပေးမှုကိုခံစားရတဲ့ မန်စီးတီးအသင်း

ဇူလိုင်   ၁၄


မန်စီးတီးအသင်းချန်ပီယံလိဂ်ပြိုင်ပွဲ ၂ နှစ်ပိတ်ပင်ထားတဲ့ပြစ်ဒဏ်အပေါ်အယူခံဝင်ထားမှု ဇူလိုင် ၁၃ ရက်နေ့မှာ ဆုံးဖြတ်ချက်ချမှတ်ခဲ့ရာမှာတော့ အယူခံအောင်မြင်ခဲ့တယ်လို့ သိရပါတယ်။ 


ဒါကြောင့် မန်စီးတီးဟာလာမယ့်ရာသီချန်ပီယံလိဂ်ပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ကစားခွင့်ရတော့မှာပါ။ သူတို့ရဲ့ ချန်ပီယံလိဂ်နဲ့ပတ်သက်တဲ့အခက်အခဲတွေကိုကျော်ဖြတ်နိုင်ခဲ့ပြီဖြစ်ပါတယ်။ နိုင်ငံတကာအားကစား ခုံရုံးကချမှတ်လိုက်တဲ့အမိန့်တွေကတော့ ယှဉ်ပြိုင်ခွင့်ပိတ်ပင်ခံရမှုကို ပယ်ဖျက်ကာဒဏ်ကြေးငွေကိုလည်း ယူရိုသန်း ၃၀ မှ ၁၀ သန်းအထိ လျှော့ချပေးခဲ့ပါတယ်။ မန်စီးတီးအနေနဲ့ မူလက ၂ နှစ်ကြာပြိုင်ပွဲဝင်ရောက် ကစားခွင့်ပိတ်ပင်ခံထားရပြီး ဒဏ်ကြေးယူရိုသန်း ၃၀ ပေးချေခံရဖို့ရှိနေခဲ့တာဖြစ်ပါတယ်။


မန်စီးတီးရဲ့ ဥပဒေအကြံပေးအဖွဲ့တွေကလည်း ယခုချမှတ်မှုအပေါ် ဝမ်းသာအားရကြိုဆိုခဲ့ကြပါတယ်။ 


အသင်းအနေနဲ့လဲ သက်သေအထောက်အထားခိုင်ခိုင်လုံလုံပြည့်စုံစွာ တင်ပြနိုင်ခဲ့ပါတယ်။ ဒါကြောင့် မန်စီးတီး အသင်းက ဒီလုပ်ငန်းစဉ်မှာ ပါဝင်ပေးခဲ့ကြတဲ့သူအားလုံးကို အထူးကျေးဇူးတင်ပါကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။  မန်စီးတီးအသင်းအယူခံအောင်မြင်ခဲ့တာကြောင့်  ပရီးမီးယားလိဂ်အဆင့် ၅ က ချန်ပီယံ လိဂ်ဝင်ခွင့်မျှော်လင့်ချက်မဲ့သွားခဲ့ရပါပြီ။ ဒါကြောင့် ပရီးမီးယားလိဂ်မှာထိပ်ဆုံးလေးသင်းကသာ  ချန်ပီယံလိဂ် ဝင်ခွင့်ရတော့မှာဖြစ်ပါတယ်။ မန်စီးတီးတို့ ကုသိုလ်ကံကတော့ ဝင်ပြိုင်ခွင့်လဲရ၊ ဒဏ်ကြေးငွေပါ လျှော့ပေးခံရ တာကြောင့် အလွန်ကံကောင်းသောအသင်းဖြစ်ပါတယ်။                                                                       


(SO)






အခြားဆက်စပ်သတင်းများ