နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဩစတီးယားဂရင်းပရီပြိုင်ပွဲစတင်ချိန် လူမျိုးရေးခွဲခြားမှုကို ဆန့်ကျင်သည့်အနေနဲ့ ယာဉ်မောင်းများအားလုံး ဒူးထောက်ရမည့်အစီအစဉ်ပါဝင်

ဇူလိုင်   ၁၄


ဩစတီးယားဂရင်းပရီပြိုင်ပွဲမစတင်မီ ဖော်မြူလာဝမ်းယာဉ်မောင်းများအားလုံး ဒူးထောက်ရမှာဖြစ်သော် လည်း အချို့ယာဉ်မောင်းများ ဒူးထောက်ရန်ချီတုံချတုံဖြစ်နေရခြင်းမှာ လူမျိုးရေးခွဲခြားမှု၏ ဆိုးရွားမှုကို ကောင်းစွာနားမလည်၍ဖြစ်မည်ဟု လက်ရှိကမ္ဘာ့ပြိုင်ကားမောင်းချန်ပီယံ လူးဝစ်ဟာမီတန်က ဝေဖန်ပြောဆို လိုက်ပါတယ်။ ဩစတီးယားဂရင်းပရီကားမောင်းပြိုင်ပွဲစတင်ချိန်မှာ ပါဝင်ယှဉ်ပြိုင်ကြမယ့် ယာဉ်မောင်းများ အားလုံး လူမျိုးရေးခွဲခြားမှုကို ဆန့်ကျင်တဲ့အနေနဲ့ ဒူးထောက်ကြရမည့်အစီအစဉ်ထည့်သွင်းထားပါတယ်။


ဖွင့်ပွဲစတင်ချိန်မှာ ယာဉ်မောင်းအချို့က ဒူးမထောက်ကြတာကြောင့် လူးဝစ်ဟာမီတန်က ဝေဖန်ပြောဆိုခဲ့ တာပါ။ ဆက်လက်ပြီး လူးဝစ်ဟာမီတန်ပြောတာက “ဒီလို လူမျိုးရေးခွဲခြားမှုဖြစ်ရပ်မှာ ဆိတ်ဆိတ်နေလို့ မရပါဘူး။ ဆိတ်ဆိတ်နေတဲ့သူဟာ တကယ့်ကြံရာပါတစ်ယောက်ပါပဲ၊ တချို့ပြဿနာတွေမှာ အသံတိတ်နေလို့ မရပါဘူး၊ လူမျိုးရေးခွဲခြားမှုက ဘယ်လောက်ဆိုးရွားတယ်ဆိုတာကို လူတွေနားလည်အောင် ကြိုးစားနေကြ သူတွေရှိတယ်။ ဒါပေမဲ့ လူတချို့ကတော့ နားလည်နိုင်ခြင်းမရှိသေးပါဘူး၊ လူမျိုးရေးခွဲခြားမှုကို ဘာကြောင့် ကန့်ကွက်ရတယ်ဆိုတာကို သေချာသိနားလည်ခြင်းမရှိကြသေးပါဘူး၊ ကျွန်တော်ကတော့ ဆက်ပြီးကြိုးစား သွားပါ့မယ်”လို့ ပြောခဲ့ပါတယ်။                                                                                                     


(SO)






အခြားဆက်စပ်သတင်းများ