နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
Workday Charity Open ဂေါက်သီးရိုက်ပြိုင်ပွဲတွင် အမေရိကန်ကစားသမား ကိုလ်လင်း ချန်ပီယံဆု ဆွတ်ခူး

ဇူလိုင်   ၁၄


အမေရိကန်နိုင်ငံ၌ကျင်းပခဲ့သည့် Workday Charity Open ဂေါက်သီးရိုက်ပြိုင်ပွဲတွင် အမေရိကန် ဂေါက်သီးရိုက်ကစားသမား ကိုလ်လင်းက ချန်ပီယံဆုဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။ အသက် ၂၃ နှစ်အရွယ်ရှိ ကိုလ်လင်းသည် အဆိုပါပြိုင်ပွဲ၏ ချန်ပီယံဆုကို ပြတ်သားသည့်ရလဒ်ဖြင့် ဆွတ်ခူးနိုင်ခဲ့ခြင်းမဟုတ်ဘဲ Play-Off အဆင့်ထိကစားကာ ဆွတ်ခူးနိုင်ခဲ့ခြင်းဖြစ်သည်။


ယင်းပြိုင်ပွဲ နောက်ဆုံးနေ့ပွဲစဉ်များအပြီးတွင် ကိုလ်လင်းသည် သတ်မှတ်ရိုက်ချက်ထက် ၁၉ ချက် လျှော့ရိုက်ကာ အမှတ်ပေးဇယားကိုဦးဆောင်နိုင်ခဲ့သော်လည်း တတိယနေ့တွင် အမှတ်ပေးဇယားကို ဦးဆောင်နိုင်ခဲ့သည့် ဂျက်စတင်သောမတ်စ်နှင့်ရိုက်ချက်တူခဲ့သောကြောင့် ချန်ပီယံဆုအတွက် ယင်းတို့နှစ်ဦး Play-Off ကစားခဲ့ရာ ကိုလ်လင်းကအနိုင်ရရှိပြီး ချန်ပီယံဆုဆွတ်ခူးနိုင်ခဲ့ခြင်းဖြစ်သည်။


ဂျက်စတင်သောမတ်စ်သည် Play-Off အဆင့်တွင် ထင်မှတ်မထားသည့်အမှားများ ကျူးလွန်ခဲ့သည့် အတွက် ချန်ပီယံဆုနှင့်လွဲချော်ခဲ့ရကာ ကမ္ဘာ့အဆင့် (၁) နေရာကို စိန်ခေါ်နိုင်မည့်အခွင့်အရေးလည်းလွဲချော်ခဲ့သည်။

ကိုလ်လင်းသည် အဆိုပါ ချန်ပီယံဆုဆွတ်ခူးနိုင်ခဲ့ပြီးနောက် ကမ္ဘာ့အဆင့် (၁၃) နေရာသို့ တက်ရောက်နိုင်ခဲ့ သည်။                                                                                                                                       


(သူရိန်)






အခြားဆက်စပ်သတင်းများ