နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
သမ္မတရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးမှုကို ဒီမိုကရက်တစ်ပါတီဝင် ဘာနီဆန်းဒါးစ် အဆုံးသတ်

ဧပြီ ၉၊ ဝါရှင်တန် ၂၀၂၀ ပြည့်နှစ် အမေရိကန်သမ္မတရွေးကောက်ပွဲတွင် ဒီမိုကရက်တစ်ပါတီ ကိုယ်စားလှယ်ဖြစ်ခွင့်ရရန် မဲဆွယ်စည်းရုံးနေခြင်းကို အဆုံးသတ်လိုက်ကြောင်း အထက်လွှတ်တော်အမတ် ဘာနီဆန်းဒါးစ်က အတည်ပြုခဲ့သည်။ ထို့ကြောင့် ဒုတိယသမ္မတဟောင်း ဂျိုးဘိုင်ဒင်မှာ ၂၀၂၀ ပြည့်နှစ် အမေရိကန်သမ္မတ ရွေးကောက်ပွဲတွင် ဒီမိုကရက်တစ်ကိုယ်စားလှယ်ဖြစ်ခွင့်ရရန် သေချာလုနီးပါးဖြစ်လာခဲ့သည်။ ဒီမိုကရက်တစ်ပါတီ ကိုယ်စားလှယ်အဖြစ် ရွေးကောက်ခံရရန် လုံလောက်သည့် မဲအရေအတွက် ရဖွယ်မရှိကြောင်း ပြီးခဲ့သည့်ဗုဒ္ဓဟူးနေ့တွင် ဘာနီဆန်းဒါးစ်က ယင်းအပေါ် အားပေးထောက်ခံသူများကို ပြောခဲ့သည်။ အသက် ၇၈ နှစ်ရှိပြီး ကိုယ့်ကိုယ်ကိုယ် ဒီမိုကရက်တစ်ဆိုရှယ်လစ်ဝါဒရှိသူဟု မှတ်ချက်ပေးထားသည့် ဘာနီဆန်းဒါးစ်သည် ကျန်းမာရေးစောင့်ရှောက်မှု၊ အလုပ်သမားလူတန်းစားအရေးကို အဓိကထား မဲဆွယ်ခဲ့ခြင်းကြောင့် အစောပိုင်းတွင် အောင်မြင်မှု ရရှိခဲ့သော်လည်း ပြီးခဲ့တဲ့သီတင်းပတ်များအတွင်း ပါတီတွင်း ရွေးကောက်ပွဲများတွင် ဂျိုးဘိုင်ဒင်၏နောက် ရောက်ရှိခဲ့သည်။ ဘာနီဆန်းဒါးစ်သည် ၂၀၁၆ ခုနှစ် သမ္မတရွေးကောက်ပွဲတွင် ဒီမိုကရက်တစ်ကိုယ်စားလှယ် ဖြစ်ခွင့်ရရန် ကြိုးစားခဲ့ဖူးသော်လည်း ဟီလာရီကလင်တန်ကို ရှုံးနိမ့်ခဲ့သည်။ ၂၀၁၆ ခုနှစ် ရွေးကောက်ပွဲနှင့် လာမည့်ရွေးကောက်ပွဲနှစ်ရပ်လုံးတွင် ငယ်ရွယ်သည့် မဲပေးသူများက ဘာနီဆန်းဒါးစ်ကို ထောက်ခံမဲပေးခဲ့ကြပြီး နိုင်ငံရေးတော်လှန်မှုလုပ်ရမည်ဆိုသည့် တိုက်တွန်းချက်ကို လက်ခံခဲ့ကြသည်။ Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ