နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မရမ်းကုန်းမြို့နယ်၌ စိတ်ကြွဆေးပြားများ သိမ်းဆည်းရမိ

ရန်ကုန် ဧပြီ ၉ ဧပြီ ၈ ရက်၊ ည ၈ နာရီခွဲအချိန် မရမ်းကုန်းမြို့နယ်၊ (၅)ရပ်ကွက်၊ ပြည် လမ်း A-1 ကားမှတ်တိုင်အနီး၌ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် စိုးမိုးအောင်(၄၈)နှစ် မောင်းနှင်ပြီး မောင်ပါအဲ(၂၈)နှစ်နှင့်မနာလောဘို(၃၇)နှစ်လိုက်ပါ လာသည့် 6D/---- Caldina ယာဉ်အား ရပ်တန့်စစ်ဆေးရာ ယာဉ်နောက်ခန်းရှိ ခရီးဆောင်အိတ် အတွင်းမှ ကပ်ခွာအိတ်များဖြင့်ထည့်ထားသည့် WY/R စာတန်းပါစိတ်ကြွဆေးပြား ၁၀၀၀၀၀ ပြားအား သိမ်းဆည်းရမိခဲ့ပါသည်။ ဆက်လက်၍ မောင်ပါအဲ၏ နေအိမ်၌ ဝင်ရောက်ရှာဖွေရာ နေအိမ်အိပ်ခန်းရှိ ဆာလာအိတ်အတွင်းမှ ကပ်ခွာအိတ်များဖြင့်ထည့်ထားသည့် WY/R စာတန်းပါစိတ်ကြွဆေးပြား ၄၇၈၀၀၀ ပြားအား ထပ်မံသိမ်း ဆည်းရမိခဲ့သဖြင့် စိုးမိုးအောင်(၄၈)နှစ်၊ နာလောဘို(၃၇)နှစ်၊ မောင်ပါအဲ(၂၈)နှစ်တို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်း လဲစေသော ဆေးဝါးများဆိုင်ရာ ဉပဒေအရ အရေးယူထားကြောင်း သိရသည်။ ဆွေဦး






အခြားဆက်စပ်သတင်းများ