နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
လှည့်ကင်းတာဝန်များဆောင်ရွက်နေစဉ် လက်နက်ကိုင်ဆောင်သူများကို ဖမ်းဆီးရမိ

ရန်ကုန် ဧပြီ ၉ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့နယ်မြေအတွင်း တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူလူထု၏ အသက် အိုးအိမ်စည်းစိမ်ကို ထိခိုက်စေမည့် မှုခင်းများမဖြစ်ပွားစေရေးအတွက် နယ်မြေအလိုက် ဖမ်းဆီးအရေးယူ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ သာကေတမြို့နယ်ရဲတပ်ဖွဲ့ဝင်များသည် ဧပြီ ၉ ရက်၊ နံနက် ၀၀:၁၀ မိနစ်တွင် ရန်ပြေ (၃)ရပ်ကွက်၊ မင်းနန္ဒာလမ်းနှင့် မင်းရဲကျော်စွာလမ်းထောင့်၌ ဇင်မင်းပိုင်ထံမှ အရိုးအသွားခုနစ်လက်မခန့်ရှိ ထပ်ဦးချွန် ဓား တစ်ချောင်းကိုလည်းကောင်း၊ သန်လျင်မြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် ၅ နာရီတွင် ကျော်မင်းဖြိုးထံမှ အရိုးအသွားကိုးလက်မခွဲခန့်ရှိ ထိပ်ဦးချွန်ဓားတစ်ချောင်းကိုလည်းကောင်း သိမ်းဆည်းရရှိ၍ သက်ဆိုင်ရာ ရဲစခန်းအသီးသီးတွင် လက်နက်အက်ဥပဒေပုဒ်မ ၁၉(င)အရ အမှုဖွင့်အရေးယူခဲ့ကြောင်း သိရသည်။ (WP)






အခြားဆက်စပ်သတင်းများ