နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အိမ်တွင်းလက်မှုဝါးထရံရက်ခြင်းလုပ်ငန်းဖြင့် မိသားစုဝင်ငွေရရှိပြီး စားဝတ်နေရေးအဆင်ပြေ

ဆိပ်ဖြူဇူလိုင်  ၁၄


မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်၌ အိမ်တွင်းလက်မှုလုပ်ငန်းတစ်ခုဖြစ်သည့် ဝါးထရံရက်ခြင်း လုပ်ငန်းလုပ်ကိုင်ခြင်းဖြင့် မိသားစုဝင်ငွေရရှိပြီးနေ့စဉ်စားဝတ်နေရေးအတွက် အဆင်ပြေလျက်ရှိကြောင်း သိရသည်။

ယခင်ကဝါးထရံရက်လုပ်ရာတွင် ဒေသထွက် ဝါးမျိုးများကိုသာအသုံးပြုခဲ့ကြပြီး ယခုအခါ ဝါးထရံရက်လုပ် ရန် ကုန်ကြမ်းပစ္စည်းတစ်ခုဖြစ်သည့် တင်းဝါးအမျိုးအစားများကိုပဲခူးတိုင်းဒေသကြီးအတွင်းရှိဒိုက်ဦးမြို့နယ် နှင့် နေပြည်တော်တို့မှ မှာယူရပြီး ဝါးတစ်လုံးဒေသအရောက် ငွေကျပ် ၅၇ဝ နှုန်းဖြင့် ဝယ်ယူလုပ်ကိုင်ရသည်။


ဝါးထရံရက်လုပ်နေသူတစ်ဦးကဝါးထရံရက်လုပ်ရာတွင် ရိုးရိုး(အထူ)၊ နှစ်ပါးချီ၊  ကွက်ဆန်းနှင့် ပွဲထောင်ဆိုပြီးအမျိုးအစားလေးမျိုးရက်လုပ်ရောင်းချရသည်။

ဝါးထရံရက်လုပ်ရာတွင် ၁ ပေပတ်လည်(စတုရန်း)ကွက် တစ်ကွက်လျှင် ရိုးရိုး(အထူ)ငွေကျပ်  ၂ဝဝ၊  ပွဲထောင်နှင့် နှစ်ပါးချီငွေကျပ်  ၃ဝဝ၊ ကွက်ဆန်းငွေကျပ် ၅ဝဝ နှုန်းရရှိကြောင်း၊ တစ်နေ့လျှင် မိသားစုတစ်စုအနေဖြင့် အိမ်တွင်းလက်မှုဝါးထရံ(ရိုးရိုးအထူ) ရက်လုပ်ရာတွင် ၁ဝ ပေပတ်လည် တစ်ချပ်မှ တစ်ချပ်ခွဲအထိနေ့စဉ်ရက်လုပ်ပြီးစီးကြောင်း၊ တစ်ပိုင်တစ်နိုင် အိမ်တွင်းလုပ်ငန်းမှ ငွေကျပ် ၁၅ဝဝဝ မှ ငွေကျပ် ၂ဝဝဝဝ  အထိမိသားစုဝင်ငွေရရှိကြောင်းသိရသည်။


(သူရိန်)






အခြားဆက်စပ်သတင်းများ