နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
နဂါးမောက်သီးများ အရောင်းအဝယ်သွက်၍ စိုက်ပျိုးရောင်းချသူများ အဆင်ပြေ

ရေနံချောင်း  ဇူလိုင်   ၁၃


မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့ သစ်သီးဝလံဈေးကွက်၌ နဂါးမောက်သီးများ လှိုင်လှိုင်ဝင်ရောက် လျက်ရှိရာ အရောင်းအဝယ်သွက်၍ နဂါးမောက်သီးစိုက်ပျိုးရောင်းချသူများ အဆင်ပြေလျက်ရှိကြောင်း သိရ သည်။


''အခုတစ်ပတ် နဂါးမောက်သီးတွေ နေ့စဉ်ဝင်ရောက်နေပါတယ်။ အဓိကကတော့ ဒေသထွက် နဂါးမောက်သီးအပြင် ချောက်မြို့နယ်နဲ့ ကျောက်ပန်းတောင်းမြို့နယ်ထွက် နဂါးမောက်သီးတွေ ရေနံချောင်းမြို့ သစ်သီးဝလံဈေးကွက်သို့ ဝင်ရောက်နေတာပါ။ နဂါးမောက်သီးအနေအထားပေါ်မူတည်ပြီး အကြီးတစ်လုံး ငွေကျပ် ၇ဝဝ၊ အလတ်တစ်လုံး ငွေကျပ် ၅၅ဝ၊ အသေးတစ်လုံး ငွေကျပ် ၄ဝဝ ဝန်းကျင်ရောင်းရတယ်။ လက်ရှိ လှိုင်လှိုင်ပေါ်တာမို့  ဈေးလည်းအနည်းငယ်သက်သာတယ်။ ယခင်တစ်ပတ်ကထက် တစ်လုံးငွေကျပ် ၁၅ဝ နီးပါးဈေးကျတဲ့အတွက် အရောင်းအဝယ်က  ယခင်တစ်ပတ်ကထက် ပိုသွက်နေပါတယ်''ဟု  နဂါးမောက်သီး ရောင်းချသူတစ်ဦးက ပြောသည်။ လက်ရှိတွင် နဂါးမောက်သီးများ ဖြစ်ထွန်းအောင်မြင်ပြီး အသီးအနေအထား၊အရည်အသွေး ကောင်း၍ ခြံအများစုတွင်ဆွတ်ခူးရောင်းချလျက်ရှိကြောင်း သိရသည်။                         


(သူရိန်)






အခြားဆက်စပ်သတင်းများ