နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဒီရာသီမှာ ဒိုင်နဲ့ VAR တို့ဆုံးဖြတ်ချက်တွေမမှားခဲ့ရင် ပရီးမီးယားလိဂ်ဇယား ပြောင်းလဲနိုင်

ဇူလိုင်   ၁၃


ပရီးမီးယားလိဂ်မှာ ကွင်းလယ်ဒိုင်တွေနဲ့ VAR တို့ရဲ့ဆုံးဖြတ်ချက်အတိုင်း လိုက်နာခဲ့တာကြာပါပြီ။ ဒိုင်တွေနဲ့ VAR တွေရဲ့ ဆုံးဖြတ်ချက်တွေဟာလဲ အမှားတွေဆုံးဖြတ်နေတာကြာပြီလို့ပြောရမှာပါ။ ဘာကြောင့်လဲဆိုတော့ ဒီနှစ်စကတည်းက အမှားတွေအတွက် တောင်းပန်ချက်တွေထုတ်ရတာလဲ မပြီး တော့ပါဘူး။ နောက်ဆုံးအမှားကတော့ နောက်ဆုံးပင်နယ်တီသုံးလုံးပေးတဲ့ကိစ္စမှားခဲ့ပါတယ်လို့ဝန်ခံပြီး  ကတည်းက ပရိသတ်တွေ တော်တော်လေးစိတ်ပျက်နေကြပါပြီ။ ကမ္ဘာ့ထိပ်သီးမီဒီယာတွေက Lock down ကာလမတိုင်မီက VAR မှားပြီးမဆုံးဖြတ်ခဲ့ရင် အမှတ်ပေးဇယားဘယ်အနေအထားရှိမလဲလို့ဆိုတဲ့ တွက်ချက် မှုတွေပြုလုပ်ခဲ့ကြပါတယ်။ တွက်ချက်ထားတဲ့အမှတ်ဇယားမှာ ဘောလုံးပွဲပြန်စပြီးရရှိတဲ့အမှတ်တွေ ထပ်ပေါင်းထည့်တွက်ချက်မှုမဟုတ်ပေမဲ့ အဲဒီဇယားဟာ ပရိသတ်ကြားမှာ  တော်တော်ရေပန်းစားခဲ့ပါတယ်။ ဒိုင်နဲ့ VAR တို့ကွင်းထဲမှာ မှားဆုံးဖြတ်တဲ့ ဆုံးဖြတ်ချက်တိုင်းကို ထည့်တွက်ထားတာကြောင့် အငြင်းပွားစရာ တော့ရှိနေမှာပါ။ 


အဲဒီဇယားကိုကြည့်ရင် လီဗာပူးလ်နဲ့ မန်စီးတီးတို့ကတော့ ထိပ်ဆုံးမှာရပ်တည်နေပြီး အာဆင်နယ်က တတိယနေရာမှာရောက်လာပါတယ်။လက်ရှိအမှတ်ဇယားနဲ့ယှဉ်ကြည့်ရင် အာဆင်နယ်ဟာ ၁၅ မှတ်လောက် နစ်နာနေပါတယ်။ စပါးလဲ အာဆင်နယ်လိုပဲနစ်နာခဲ့ရပါတယ်။ မန်ယူက အဆင့်ကျသွားပြီး ဆောက်သမ်တန်တို့က အဆင့်တက်လာပါတယ်။ အချက်အလက်တွေအရ VAR နဲ့ဒိုင်တွေဟာ အရေးကြီး ဆုံးဖြတ်ချက်တွေတိုင်းကို ပိုမှားကာဆုံးဖြတ်ထားတာတွေ့ရပါတယ်။ အခုတွက်ပြထားတဲ့ စာရင်းတွေက အလုံးစုံမှန်တယ်လို့ ယူဆလို့မရပါဘူး။ လက်ရှိတရားဝင်ထုတ်ပြန်ထားတဲ့ အမှတ်ပေးဇယားကသာအတည်ဖြစ်ကြောင်း တင်ပြလိုက်ပါတယ်။                                                                                                            


(So)






အခြားဆက်စပ်သတင်းများ