နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မန်စီးတီးကတော့ ပွဲလည်းနိုင် စံချိန်ကောင်းတွေလည်းရရှိနေ

ဇူလိုင်   ၁၃


ပရီးမီးယားလိဂ်မှာ အဝေးကွင်း ၃ ပွဲဆက်ရှုံးပြီး ဝေဖန်မှုတွေမြင့်တက်နေခဲ့ရတဲ့ မန်စီးတီးအသင်းဟာ ဘန်လေကို ၅ ဂိုးပြတ်နဲ့အနိုင်ကစားပြီး အဝေးကွင်းနိုင်ပွဲကို ပုံဖော်လာနိုင်ခဲ့ပါတယ်။ စတားလင်းဟာ ဒီပွဲမှာ ဟတ်ထရစ်သွင်းတဲ့အပြင် ဒီရာသီပြိုင်ပွဲစုံမှာ ၂၇ ဂိုးသွင်းထားပြီး စံချိန်သစ်တင်လိုက်ပါတယ်။


မန်စီးတီးဟာ ၅ ဂိုးနဲ့ အထက်ကို နှစ်ပွဲဆက်တိုက်နိုင်ခဲ့တာကြောင့် နောက်ထပ်တစ်ပွဲဆက်နိုင်ခဲ့ရင် ၂၀၁၇ ခုနှစ်က နိုင်ပွဲကို မီလာမှာပါ။ စတားလင်းကလဲ ၂၀၁၅−၂၀၁၆ ကစပြီး ပရီးမီးယားလိဂ်မှာ ဟက်ထရစ် သွင်းတဲ့ထိပ်ဆုံး သုံးယောက်ထဲမှာ ပါဝင်လာပါတယ်။ အဲဒီသုံးဦးကတော့ ဟယ်ရီကိန်း (၉)ကြိမ်၊ အဂူရို(၇) ကြိမ်နဲ့ စတားလင်း(၄)ကြိမ်တို့ပဲဖြစ်ပါတယ်။ နောက်မှတ်တမ်းတစ်ခုကတော့ ဂါဘရီရယ်ဂျီးဆပ်ဟာမန်စီးတီး အတွက် ၃၂ ပွဲတိတိဂိုးသွင်းလာခဲ့ပြီး ၃၁ ပွဲကအနိုင်ပွဲတွေဖြစ်ပြီး ၁ ပွဲကသရေနဲ့ လုံးဝရှုံးပွဲမရှိ မှတ်တမ်းကို ပိုင်ဆိုင်နိုင်ခဲ့ပါတယ်။ ဂျီးဆပ်ရဲ့ နောက်မှတ်တမ်းတစ်ခုက ဒီရာသီပြိုင်ပွဲစုံ စုစုပေါင်း သွင်းဂိုး ၂၀ သွင်းနိုင်တဲ့ မန်စီးတီးရဲ့ တတိယမြောက်ကစားသမားဖြစ်လာပါတယ်။ ဒီရာသီမှာ မန်စီးတီးအသင်းဟာ အဆင့် ၂ နေရာမှာ ရပ်တည်နေပေမဲ့ စံချိန်ကောင်းတွေ၊ မှတ်တမ်းအသစ်တွေရရှိခဲ့တဲ့ အသင်းပဲဖြစ်ပါတယ်။                          


(SO)






အခြားဆက်စပ်သတင်းများ