နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရန်ကုန်မြစ် အတွင်း အန္တရာယ်ကင်းပရိတ်ရွက်ဖတ်ပူဇော်ပွဲ

ရန်ကုန် ဧပြီ ၉ ရန်ကုန်တိုင်းဒေသကြီး သံဃနာယကအဖွဲ့၏ ဩဝါဒကိုခံယူ၍ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော ရန်ကုန်မြစ်အတွင်း အန္တရာယ်ကင်းပရိတ်ရွက်ဖတ်ပူဇော်ပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းက ရန်ကုန်မြစ်အတွင်းရှိ ရေယာဉ် ပေါ်၌ ကျင်းပရာ လျှပ်စစ်၊စက်မှု၊လက်မှု နှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်၊ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး မြို့တော်ဝန် ဦးမောင်မောင်စိုး ၊ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ဒုတိယဥက္ကဌ (ဒုတိယမြို့တော်ဝန်) ဦးစိုးလွင်၊တွဲဖက်အတွင်းရေးမှူး ဦးသန်း နှင့် ကော်မတီဝင်များ၊တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။ ‌ရှေးဦးစွာအခမ်းအနားအား နမောတသ သုံးကြိမ်ရွက်ဆို၍ အခမ်းအနားဖွင့်လှစ်ပြီး ရန်ကုန်တိုင်းဒေသကြီး သံဃနာရယအဖွဲ့ ဥက္ကဋ္ဌ ဆရာတော် ဘဒ္ဒန္တအဂ္ဂသာမိထံမှတက်ရောက်လာသော ဧည့်သည်တော်များမှ ငါးပါသီလခံယူဆောက်တည်ကြသည်။ ထို့နောက် ဗဟန်းမြို့နယ် ပါဠိတက္ကသိုလ် ညောင်တုန်း ကျောင်းတိုက် လှရတနာ ဆရာတော် နိုင်ငံဗဟို သံဃာ့ဝန်ဆောင် ဘဒ္ဒန္တ နာရဒါဘိဝံသ မှ အန္တရာယ်ကင်းပရိတ်တရာတော်ချီးမြှင့်ခြင့်နှင့် ပတ်သက်၍ ရှင်းလင်းမိန့်ကြားခဲ့သည်။ ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ်၊စက်မှု၊လက်မှု နှင့်လမ်းပန်းဆက်သွယ်ရေးဝ်ကြီး ဒေါ်နီလာကျော်၊ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး မြို့တော်ဝန် ဦးမောင်မောင်စိုး နှင့်တာဝန်ရှိသူ များက လှူဖွယ်ဝတ္ထု ပစ္စည်းများဆက်ကပ်လှူဒါန်းကာ ရန်ကုန်တိုင်းဒေသကြီး သံဃနာရယအဖွဲ့ ဥက္ကဋ္ဌ ဆရာတော် ဘဒ္ဒန္တအဂ္ဂသာမိထံ မှ ရေစက်ချအနုမောဒနာ တရားတော်များ နာယူ ၍ အမျှပေးဝေခဲ့ကြသည်။ ထို့နောက် ပထမပိုင်းအခမ်းအနား အား ဗုဒ္ဓ သာသနံ စိရံ တိဠတု သုံးကြိမ် ရွက်ဆို၍ အခမ်းအနားအားရုပ်သိမ်းခဲ့သည်။ သတင်း မိုးမြင့်မောင် ဓာတ်ပုံ ကျော်သူထက်






အခြားဆက်စပ်သတင်းများ