နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
စွယ်တော်မြတ်စေတီတော်မြတ်ကြီးရှိ ဂန္ဓကုဋီတိုက်အား ဧပြီ ၁၀ ရက်မှ ၁၉ ရက်အထိ ၂၄ နာရီ ပိတ်ထားမည်

ရန်ကုန် ဧပြီ ၉ ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်ရှိ စွယ်တော်မြတ်စေတီတော်မြတ်ကြီးရှိ ဂန္ဓကုဋီတိုက်အား ဧပြီ ၁၀ ရက်မှ ၁၉ ရက်အထိ ၂၄ နာရီ ပိတ်ထားမည်ဖြစ်ကြောင်း သက်ဆိုင်ရာဘုရားဂေါပကအဖွဲ့မှ သိရသည်။ ကိုရိုနာဗိုင်းရပ်စ်ရောဂါကူးစက်ပြန့်ပွားမှုကို တစ်ဖက်တစ်လမ်းမှ ကြိုတင်ကာကွယ်သည့်အနေဖြင့် ဧပြီ ၉ ရက်နေ့အထိ ထိုဂန္ဓကုဋီတိုက်တွင်းသို့ ဝင်ရောက်ဖူးမြော်ချိန်ကို နံနက် ၉ နာရီမှ မွန်းလွဲ ၁ နာရီအထိ သတ်မှတ်ထားရာမှ ဧပြီ ၁၀ ရက်မှစ၍ ၁၉ ရက်အထိ လုံးဝပိတ်ထားမည်ဖြစ်ကြောင်း၊ သို့ရာတွင် ဘုရားရင်ပြင်တော်ပေါ်နှင့် ဘုရားဝင်းတံခါးတို့ကို နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ ဖွင့်ပေးထားမည်ဖြစ်ပြီး မဟာသင်္ကြန်ပွဲတော်ကာလတွင်လည်း အလားတူ ဖွင့်ပေးထားမည်ဖြစ်ကြောင်း သိရသည်။ လူဦးရေသိပ်သည်းသော ရန်ကုန်မြို့ကြီးတွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါ (COVID-19) ကူးစက်ပြန့်ပွားမှုကို တတ်နိုင်သမျှ တားဆီးကာကွယ်နိုင်စေရန် ရည်ရွယ်ချက်ဖြင့် ယခုကဲ့သို့ မဟာသင်္ကြန်ပွဲတော်ကာလ၊ မြန်မာနှစ်သစ်ကူးရုံးပိတ်ရက်များတွင် အဆိုပါ ဂန္ဓကုဋီတိုက်အား ၂၄ နာရီ ပိတ်ထားရန် စီစဉ်ရခြင်းဖြစ်ကြောင်း စွယ်တော်မြတ်စေတီတော်မြတ်ကြီး ဂေါပကအဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောသည်။ စွယ်တော်မြတ်စေတီတော်မြတ်ကြီးသည် ရန်ကုန်မြို့လယ်ပိုင်းတွင်တည်ရှိပြီး ပြည်တွင်းမှ ဘုရားဖူး ပြည်သူများသာမက နိုင်ငံခြားသားခရီးသွားများလည်း လာရောက်ဖူးမြော်ကြကြောင်း၊ ယခုအခါ ပြည်တွင်းသို့ နိုင်ငံခြားသားများဝင်ရောက်မှုကို ယာယီတားမြစ်ထားသောကြောင့် ယင်းစေတီတော်မြတ်ကြီးသို့ ပြည်ပ နိုင်ငံသားများ လာရောက်မှု မရှိသလောက် နည်းသွားကြောင်း သိရသည်။ (ဆောင်းဦး)






အခြားဆက်စပ်သတင်းများ