နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
COVID-19 ကာကွယ်ကုသရေး အထောက်အကူပြုပစ္စည်းများ ထောက်ပံ့ပေးအပ်နိုင်ရန် ကမ္ဘောဇဘဏ်မှ ငွေကျပ်သိန်း ၃၀၀၀ ထပ်မံလှူဒါန်း

ရန်ကုန် ဧပြီ ၉ မြန်မာနိုင်ငံအတွင်းရှိ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးသို့ ပြည်ပနိုင်ငံများမှ ပြန်လည်ဝင် ရောက်လာသော နိုင်ငံသားများကို ကျန်းမာရေးစစ်ဆေးခြင်း၊ စောင့်ကြည့်ခြင်းနှင့် ကာကွယ်ကုသပေးခြင်း ဆောင်ရွက်နေသော တိုက်နယ်ဆေးရုံများ၊ ကျေးလက်ဆေးပေးခန်းများရှိ ကျန်းမာရေးဝန်ထမ်းများနှင့် စောင့်ကြည့်လူနာများအား ဘေးအန္တရာယ်ကင်းရှင်းစေရန်နှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ပိုမိုလျင်မြန်ထိရောက်စွာ ဆောင်ရွက်နိုင်ရန်အတွက် ငွေကျပ်သိန်း ၃၀၀၀ တန်ဖိုးရှိ COVID-19 ကာကွယ်ကုသရေး အထောက်အကူပြုပစ္စည်းများကို ကမ္ဘောဇဘဏ်မှ ထပ်မံလှူဒါန်းခဲ့ကြောင်း သိရသည်။ အဆိုပါလှူဒါန်းမှုတွင် ပါဝင်သောပစ္စည်းများမှာ CE Standard PPE ဝတ်စုံများ၊ N95 Mask များ၊ ဆေးရုံသုံးလက်အိတ်များ၊ မျက်မှန်များ၊ သာမိုမီတာများနှင့် Hand Gel လက်သန့်ဆေးရည်ဘူးတို့ဖြစ်သည်။ ဧပြီ ၇ ရက်က ကျောက်မဲဆေးရုံသို့လည်းကောင်း၊ ဧပြီ ၈ ရက်တွင် ရှမ်းပြည်နယ် ညောင်ရွှေမြို့၊ ရွှေညောင် မြို့များသို့လည်းကောင်း၊ ဧပြီ ၉ ရက်တွင် ရွာငံမြို့၊ ပင်းတယမြို့နှင့် မြိုင်မြို့များသို့လည်းကောင်း နေ့စဉ် လှူဒါန်းလျက်ရှိပြီး တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးရှိမြို့များသို့ အဆက်မပြတ် လှူဒါန်းသွားမည်ဖြစ် ကြောင်း သိရသည်။ ကမ္ဘောဇဘဏ်သည် ရှမ်းပြည်နယ်အစိုးရနှင့်ပူးပေါင်း၍ COVID-19 Pandemic အတွက် ရှမ်းပြည်နယ် ပြည်သူလူထု စားနပ်ရိက္ခာထောက်ပံ့ရေးကော်မတီသို့ ကျပ်သိန်း ၂၀၀၀ မ,တည်လှူဒါန်းထားပြီး အများပြည်သူများ၏ ပါဝင်လှူဒါန်းမှုများကို စုပေါင်းကာတစ်ဦးလျှင် ဆန်(၃)ပြည်၊ ကုလားပဲ(၁)ပိဿာ၊ ဆီ (၁၈) ကျပ်သား ပါဝင်သော ရိက္ခာထုပ်ပေါင်း ၁၀၀,၀၀၀ ကို လိုအပ်လာပါက အသုံးပြုနိုင်ရန် အဆင်သင့် ပြင်ဆင်ထားပြီးဖြစ်သည့်အပြင် ကျပ်သိန်း ၁၄၆၂၄ သိန်းရှိသော ဆေးရုံသုံးပစ္စည်းများကို လေကြောင်း၊ ကုန်းကြောင်းတို့ဖြင့် အမြန်ဆုံးဝယ်ယူလှူဒါန်းခဲ့ပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှတစ်ဆင့် တိုင်းဒေသကြီးနှင့်ပြည်နယ် အသီးသီးရှိ ဆေးရုံများသို့ ဖြန့်ခွဲပေးအပ်ပြီးဖြစ်သည်။ COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် ငွေကျပ် ၁၉၆၂၄ သိန်းကို ကမ္ဘောဇဘဏ်မှ လှူဒါန်းထားပြီး ဖြစ်သည်။ ဆက်လက်၍လည်း ကမ္ဘောဇဘဏ်သည် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနနှင့်အတူ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လိုအပ်သည့်အချိန်၊ လိုအပ်သည့်နေရာများတွင် လိုအပ်သည်တို့ကို ပူးပေါင်းပါဝင်လှူဒါန်းသွားရန် စီစဉ်ဆောင်ရွက်ထားပြီးဖြစ်သည်။ (WP)






အခြားဆက်စပ်သတင်းများ