နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အကောင့်တုကွန်ရက်နှစ်ခုကို ဖေ့စ်ဘွတ်ခ်က ဖယ်ရှား

Facebook နှင့် Instagram လူမှုကွန်ရက်ဝက်ဘ်ဆိုက်များပေါ် တွင် အရှေ့အလယ်ပိုင်း နိုင်ငံအချို့နှင့်ပတ်သက်ပြီး ရန်တိုက်ပေးသည့် အရေးအသားများ တင်နေသည့်၊ အကောင့်တုပေါင်းစုံ ပါဝင်သည့် ကွန်ရက်နှစ်ခုကို ဖယ်ရှားလိုက်ပြီဖြစ်ကြောင်း ဖေ့စ်ဘွတ်ခ်ကုမ္ပဏီက ကြေညာခဲ့သည်။ အကောင့်တုပေါင်းစုံ ပါဝင်သည့် ကွန်ရက်နှစ်ခုသည် အီဂျစ်နှင့် အိန္ဒိယတို့က ဒီဂျစ်တယ် မားကတ်တင်းကုမ္ပဏီနှစ်ခုဖြင့် ချိတ်ဆက်နေပြီး facebook က ချမှတ်ထားသည့် နိုင်ငံခြား စွက်ဖက်မှုဆိုင်ရာ မူဝါဒတို့ကို ချိုးဖောက်မှုကြောင့် ဖယ်ရှားပစ်ခဲ့ရကြောင်း လစဉ်ထုတ်ပြန်သည့် အစီရင်ခံစာတွင် ဖေ့စ်ဘွတ်ခ် ကုမ္ပဏီကပြောထားသည်။ အကောင့်တု ကွန်ရက်နှစ်ခုတွင် တစ်ခုက ကာတာနိုင်ငံကို ဝေဖန်ပြီး UAE (အာရပ်စော်ဘွားများ ပြည်ထောင်စု)နှင့် ပတ်သက် ပြီး အကောင်းမြင် အရေးအသားများ ရေးထားကြကြောင်းပြောထား သည်။ ထိုကွန်ရက်သည် အီဂျစ်က New Waves နှင့် Flexell အမည်ရှိ ကုမ္ပဏီနှစ်ခုဖြင့် ဆက်နွယ်နေပြီး၊ ထိုကုမ္ပဏီတို့သည် ပြီးခဲ့သည့်နှစ်ကလည်း ထိုကဲ့သို့ လုပ်ခဲ့ဖူးကြောင်း သတ်မှတ်ခံရဖူးသည်။ အကောင့်တု ကွန်ရက်တစ်ခုသည် ယင်းတို့၏စာများကို ကြော်ငြာ ရန် ဖေ့စ်ဘွတ်ခ်တွင် ဒေါ်လာ ၄၈၅၀၀ သုံးခဲ့ပြီး ယင်းတို့ အကောင့်တု များတွင် နောက်လိုက် စုစုပေါင်း ၆ သန်းကျော် ရှိသည်။ နောက်ထပ် အကောင့်စုံ ကွန်ရက်တစ်ခုက ကြော်ငြာများအတွက် ဒေါ်လာ ၄၅၀ သုံးတတ်ပြီး Facebook နှင့် Instagram နှစ်ခုပေါင်းတွင် နောက်လိုက်ဦးရေ ၁ သိန်းကျော် ရှိကြောင်းသိရသည်။ အိန္ဒိယကုမ္ပဏီ aRep Global နှင့်ပတ်သက်သည့် အကောင့်တုများက ကာတာကို ချီးကျူးပြီး ဆော်ဒီနှင့် ယူအေအီးတို့ကို ဝေဖန်စာများတင်လေ့ရှိကြောင်း သိရသည်။ (WP)






အခြားဆက်စပ်သတင်းများ