နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က လူမြင်ကွင်းတွင် ပထမဆုံးအကြိမ် နှာခေါင်းစည်းတပ်ဆင်ခဲ့

ဇူလိုင် ၁၂၊ ဝါရှင်တန်

ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါစတင်ခဲ့ပြီးနောက်ပိုင်း လူမြင်ကွင်းသို့ ထွက်ချိန်တွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပထမဆုံးအကြိမ်အဖြစ် နှာခေါင်းစည်းတပ်ဆင်ခဲ့သည်။ ဒေါ်နယ်ထရမ့်သည် ပြီးခဲ့သည့် စနေနေ့က ဝါရှင်တန်မြို့အပြင်ဘက်ရှိ ဝေါ်တာရိဒ်စစ်ဆေးရုံသို့ သွားရောက်ကြည့်ရှုပြီး ဒဏ်ရာရထားသည့် စစ်သည်များ၊ ကျန်းမာရေးဝန်ထမ်းများကို တွေ့ဆုံခဲ့သည်။

'' ကျွန်တော်က နှာခေါင်းစည်းတပ်ဖို့ ဘယ်တုန်းကမှ မဆန့်ကျင်ခဲ့ဖူးပါဘူး။ ဒါပေမဲ့ သူ့အချိန်နဲ့ သူ့နေရာဆိုတာရှိပါတယ်''ဟု ဒေါ်နယ်ထရမ့်က ပြောသည်။ ဒေါ်နယ်ထရမ့်မှာ အစောပိုင်းက နှာခေါင်းစည်းတပ်ဆင်မည်မဟုတ်ဟု ပြောခဲ့ပြီး နှာခေါင်းစည်းတပ်သည့် ဒီမိုကရက်တစ်ပါတီကိုယ်စားလှယ် ဂျိုးဘိုင်ဒင်ကို လှောင်ပြောင်ခဲ့သည်။

သို့သော် ပြီးခဲ့သည့်စနေနေ့တွင် ဒေါ်နယ်ထရမ့်က '' ခင်ဗျားအနေနဲ့ ဆေးရုံရောက်လာတယ်။ အထူးသဖြင့် အခုလို အခြေအနေမျိုးမှာပေါ့။ စစ်သည်တွေ၊ လူတွေ အများကြီးနဲ့ စကားပြောတယ်။ တချို့လူတွေဆိုရင် အခုလေးတင်ကမှ ခွဲစိတ်ခန်းက ထွက်လာတာပါ။ ဒီလိုဆိုရင်တော့ နှာခေါင်းစည်းတပ်တာ အရမ်းကောင်းတယ်လို့ ကျွန်တော် ထင်ပါတယ်။ ကျွန်တော်က နှာခေါင်းစည်းတပ်တာကို ထောက်ခံပါတယ်''ဟု ပြောသည်။

Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ