နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ငရုတ်ကောင်းမြို့တွင် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နှင်းရေးလုပ်ငန်းများကွင်းဆင်းဆောင်ရွက်

ငရုတ်၊  ဇူလိုင် ၁၁


ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငရုတ်ကောင်းမြို့တွင် သွေးလွန်တုတ်ကွေးရောဂါဖြစ်ပွားမှု လျော့နည်း စေရေးအတွက် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ဇူလိုင် ၁၁ ရက် နံနက်ပိုင်းက ငရုတ်ကောင်းမြို့ အမှတ်(၁)ရပ်ကွက်နှင့် အမှတ်(၂)ရပ်ကွက်များ၌ အဖွဲ့(၆)ဖွဲ့ခွဲကာ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ရပ်ကွက်နေပြည်သူများ၏နေအိမ်များရှိ သောက်သုံးရေကန်၊ ရေစည်ရေအိုးများ၌ ပိုးလောက်လန်းမရှိစေရေးအတွက် တစ်အိမ်တက်ဆင်းလိုက်လံကာ ဖုံး၊သွန်၊လဲ၊စစ်လုပ်ငန်းများ၊ အဘိက်ဆေး ခတ်ခြင်းလုပ်ငန်းများကို ကျေးလက်ကျန်းမာရေးဌာနမှ ဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအဖွဲ့အစည်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူများက လိုက်လံဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေးလုပ်ငန်းဖြစ်သည့် ဖုံး၊သွန်၊လဲ၊စစ်လုပ်ငန်း၊ အဘိက်ဆေး ခတ်ခြင်းလုပ်ငန်းကို ငရုတ်ကောင်းမြို့ ရပ်ကွက်များအတွင်း အရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ကျေးလက်ကျန်းမားရေးဌာနမှ ဆရာဦးဟန်သော်ထွန်းထံမှ သိရသည်။

ပြုံးမောင်မောင်(ပြန်/ဆက်)






အခြားဆက်စပ်သတင်းများ