နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
Samsung ဖုန်းအချို့တွင် charger ထည့်သွင်းတော့မည်မဟုတ်

ရန်ကုန်  ဇူလိုင်  ၁၁


Samsung ဖုန်းအချို့တွင် charger မပါတော့မည့်သတင်းကို ကိုရီးယားသတင်းဌာနဖြစ်သည့် ETNews တွင် ဖော်ပြထားသည်။ ဖုန်း charger များကို မထည့်ရသည့်အကြောင်းရင်းက စမတ်ဖုန်း charger များအသုံးတွင်ကျယ်နေခြင်းနှင့် ကုန်ကျစရိတ်လျှော့ချ ရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း Samsung ကပြောထားသည်။

ဖုန်းဘူးထဲ charger ထည့်သွင်းမှု စတင်ရပ်ဆိုင်းမှုကာလကိုလည်း ကြေညာခြင်း မရှိသေးပေ။ ဈေးကွက်ထဲတွင် ဖုန်းတစ်လုံးဝယ်ယူပါက အားသွင်းကြိုး/ခေါင်းများသည် တစ်ခါတည်း ထည့်ပေးရမည်ဖြစ်သည်။ Samsung သည် ၂၀၀၉ ခုနှစ်က စတင်ပြီး စမတ်ဖုန်းများ ထုတ်လုပ်လာခဲ့ရာ လက်ရှိတွင် ကမ္ဘာ့အကြီးဆုံး စမတ်ဖုန်းကုမ္ပဏီကြီးဖြစ်ပြီး နှစ်စဉ် စမတ်ဖုန်းအလုံးရေ သန်း ၄၀၀ ဝန်းကျင်အထိ ထုတ်လုပ်တင်ပို့နေသည်။ Galaxy စီးရီး စမတ်ဖုန်းမိတ်ဆက်တင်ပို့မှု ၁၁ နှစ်ကြာပြီးနောက် ဈေးကွက်အတွင်းစမတ်ဖုန်းသုံးသူများတွင် ဖုန်းအားသွင်းကြိုး/ခေါင်းများ အလုံအလောက်ရှိနေပြီဖြစ် ကြောင်း  ယူဆထားကြသည်။


မကြာသေးမီကလည်း ဗြိတိန်ရင်းနှီးမြှပ်နှံမှုဘဏ် Barkley သည် Apple က အသစ်ထုတ်သွားမည့် iPhone များတွင် earpod နှင့် chargers များကို ထည့်သွင်းလာရန် မရှိကြောင်း ခန့်မှန်းထားသည်။ Apple သည် iPhone 12 စီးရီး ဖုန်းဘူးများထဲတွင် USB-C to Lightning Cable တစ်ခုသာ ထည့်သွားမည်ဟုလည်း MacRumors  သတင်းက ပြောထားသည်။                                                                                                     

 (WP)






အခြားဆက်စပ်သတင်းများ