နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဆုံးဖြတ်ချက်ချရာမှာ လိုအပ်ချက်တွေရှိနေသေးတဲ့ VAR စနစ်ကြီး

ဇူလိုင်  ၁၁


VAR စနစ်ကိုယုံကြည်စိတ်ချစွာနဲ့ စဉ်ဆက်မပြတ် လက်ခံအသုံးပြုလာခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်တွေထဲကပွဲစဉ်  ၃၄  မှာပဲ ဆုံးဖြတ်ချက်အမှားအယွင်းတွေလုပ်ခဲ့တယ်လို့ ပရီးမီးယားလိဂ်ကဝန်ခံသွားပါတယ်။ VAR က ပင်နယ်တီမပေးသင့်တာကိုပင်နယ်တီပေးသင့်တယ်လို့ မှားယွင်းစွာဆုံးဖြတ်ချက်ချပေးခဲ့တယ်။ ဘီဘီစီက ထုတ်ဖော်ပြရာမှာ VAR ရဲ့ ဆုံးဖြတ်ချက်မှားခဲ့တဲ့ အကြောင်းတွေကိုထောက်ပြထားပါတယ်။ 


မန်ယူနဲ့ အက်စတွန်ဗီလာပွဲကမန်ယူကိုပင်နယ်တီပေးမှု၊ စပါးနဲ့ ဘုန်းမောက်ပွဲမှာကြတော့ ပင်နယ်တီ ပေးသင့်ရဲ့သားနဲ့ မပေးခဲ့တဲ့ ဆုံးဖြတ်ချက်တွေပဲဖြစ်ပါတယ်။ မန်ယူနည်းပြဆိုးရှားကတော့ “ကျွန်တော်တို့ကပင်နယ်တီလို့ထင်ပါတယ်။ နောက်ခံလူကသူ့ခြေထောက်ကိုကြမ်းကြမ်းတမ်းတမ်းဖျက်ခဲ့တာပါ။ ဖာနန်ဒက်က ဇီဒန်းလို၊ မာရာဒိုနာလိုလှည့်ခဲ့တာပါ။ ဖာနန်ဒက်ကိုအပြစ်လုပ်ခဲ့တာပါ”လို့ ဆိုပြီးပင်နယ်တီရသင့်တယ်ဟု သူ့အမြင်ကို ပြောခဲ့ပါတယ်။ ယခုဆိုရင် VAR ရဲ့ ဆုံးဖြတ်ချက်တွေဟာ ဘောလုံးဝေဖန်သူ၊ သုံးသပ်သူအများစုရဲ့ ဝေဖန်ထောက်ပြမှုတွေကိုအပြင်းအထန်ခံနေရပါပြီ။


ပရီးမီးယားလိဂ်ကလည်း ဝန်ခံထားတာကြောင့် VAR စနစ်ကဆုံးဖြတ်ချက်ချရာမှာ လိုအပ်ချက်တွေ ရှိနေသေးကြောင်း သိသာထင်ရှားလာပါတော့တယ်။           

(So)






အခြားဆက်စပ်သတင်းများ