နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ယူအက်စ်အိုးပင်း တင်းနစ်ပြိုင်ပွဲတွင် ပါဝင်ကစားရန်မသေချာဟု တင်းနစ်မယ် ဆီမွန်နာ ပြော

 ဇူလိုင်  ၁၁


ကမ္ဘာ့အဆင့် (၂) ရိုမေးနီးယား တင်းနစ်မယ် ဆီမွန်နာက လာမည့်ဩဂုတ်လတွင် ကျင်းပမည့် ယူအက်စ်အိုးပင်း တင်းနစ်ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ရန် မသေချာကြောင်း ပြောကြားခဲ့သည်။

COVID-19 ကမ္ဘာ့ကပ်ရောဂါ ကူးစက်မှုအမြင့်မားဆုံးနိုင်ငံဖြစ်သည့် အမေရိကန်နိုင်ငံ၌ ကျင်းပမည့် ယူအက်စ် အိုးပင်းတင်းနစ်ပြိုင်ပွဲတွင် ထိပ်တန်းတင်းနစ်မယ်များကလည်း ပါဝင်ယှဉ်ပြိုင်ရန် စဉ်းစားနေကြပြီး အမေရိကန်တင်းနစ်မယ်အများစုသာ ပါဝင်ယှဉ်ပြိုင်ဖွယ်ရှိကြောင်း သိရသည်။


တင်းနစ်မယ် ဆီမွန်နာက “ယူအက်စ်အိုးပင်း တင်းနစ်ပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ဖို့ ကျွန်မဘက်က ဘာမှမစဉ်းစား ထားရသေးပါဘူး၊ အခုလကုန်မှာ ဘာတွေဖြစ်လာမလဲဆိုတာ မသိသေးပါဘူး၊ လက်ရှိ အခြေအနေအရ ပြောရမယ်ဆိုရင် ယူအက်စ်အိုးပင်း တင်းနစ်ပြိုင်ပွဲမှာ ပါဝင်ကစားဖို့ မသေချာသေးပါဘူး၊ အခြားတင်းနစ်မယ်တွေလည်း ဘယ်လိုဆုံးဖြတ်လာမလဲဆိုတာ မသိရသေးပါဘူး၊ အခြေအနေပေါ်မူတည်ပြီး ဆုံးဖြတ်သွားမှာပါ” ဟု ပြောသည်။

ယူအက်စ်အိုးပင်း တင်းနစ်ပြိုင်ပွဲသည် COVID-19 ရောဂါ ကူးစက်မှုအမြင့်ဆုံးနိုင်ငံဖြစ်သည့် အမေရိကန် နိုင်ငံ၊ နယူးယောက်မြို့၌ ကျင်းပမည်ဖြစ်သည့်အတွက် ကမ္ဘာ့အဆင့် တင်းနစ်မယ်များအနေဖြင့် ယင်းပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ရန် ဆုံးဖြတ်ရခက်နေကြသည်။             


(သူရိန်)






အခြားဆက်စပ်သတင်းများ