ဇူလိုင် ၁၁
လူမျိုးရေးခွဲခြားမှု ကန့်ကွက်သည့်လှုပ်ရှားမှုများကို ထောက်ခံသည့်အနေနဲ့ မာစီးဒီးစ်ပြိုင်ကားမောင်း အသင်းဟာ ယခုရာသီ ဖော်မြူလာဝမ်းပြိုင်ပွဲများမှာ အနက်ရောင်ပြိုင်ကားများကို အသုံးပြုသွားမယ်လို့ သိရှိရ ပါတယ်။ မာစီးဒီးစ်အသင်းဟာ ၁၉၃၀ ပြည့်နှစ်က စတင်ကာ နှစ်စဉ်ငွေရောင်ပြိုင်ကား များကိုသာ အသုံးပြုခဲ့တာ ဖြစ်ပေမဲ့ ယခုနှစ်တွင်မူ အနက်ရောင်ကားများကို အသုံးပြုသွားမှာဖြစ်ကြောင်း သိရပါတယ်။
အမေရိကန်တွင် ရဲအရာရှိတစ်ဦးရဲ့ အနိုင်အထက်ပြုမှုကြောင့် လူမဲအမျိုးသား ဂျော့ချ်ဖလွိုက် သေဆုံးခဲ့တာကြောင့် လူမျိုးရေး ခွဲခြားမှုကို ဆန့်ကျင်ကန့်ကွက်မှုများ ကမ္ဘာနဲ့အဝန်း ဖြစ်ပွားလျက်ရှိပါတယ်။ အားကစားလောကသားများကလည်း ဒီကန့်ကွက်မှုတွေကို ထောက်ခံကြကြောင်း ပြသနေကြပါတယ်။ ဒါကြောင့် မာစီးဒီးစ်ဖော်မြူလာဝမ်း ပြိုင်ကားမောင်းအသင်းက ပြိုင်ကားအားလုံးကို အနက်ရောင်ကားသုံးပြီး ပြိုင်ပွဲဝင်မယ်လို့ ထုတ်ပြန်ကြေညာလိုက်တာပါ။ လူမျိုးရေးခွဲခြားခြင်းဟာ လက်ရှိ လူ့အဖွဲ့အစည်းအတွင်း မရှိသင့်တော့ကြောင်း မာစီးဒီးစ်အသင်း အကြီးအကဲ တိုတိုဝုဖ်က ပြောဆိုခဲ့တယ်လို့ သိရှိရပါတယ်။
(SO)