နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရုရှားတို့ဒဏ်ကြေးငွေမပေးအပ်တာကြောင့် ကမ္ဘာ့ပြေးခုန်ပစ်အဖွဲ့ချုပ် စိတ်ပျက်နေ

ဇူလိုင်  ၁၁


တားမြစ်ဆေးပြဿနာနဲ့ပတ်သက်ပြီး ပြစ်ဒဏ်ချမှတ်ခံထားရတဲ့ ရုရှားအားကစားသမားအဖွဲ့ချုပ်က ဒဏ်ကြေးငွေ ပေါင် ၇ ဒသမ ၈ သန်းကို ပေးဆောင်ရန် ပျက်ကွက်နေမှုကြောင့် အလွန်ပဲစိတ်ပျက်မိပါတယ်လို့ ကမ္ဘာ့ပြေးခုန်ပစ်အဖွဲ့ချုပ်က ထုတ်ပြန်ထားပါတယ်။

ရုရှားအစိုးရတာဝန်ရှိသူများရဲ့ ကူညီထောက်ပံ့မှုနဲ့အတူ ရုရှားအားကစားသမားများ မူးယစ်ဆေးသုံးစွဲ ကြောင်း စစ်ဆေးတွေ့ရှိရပြီးနောက် ဒဏ်ငွေပေးဆောင်ရန် ပြစ်ဒဏ်ချမှတ်ခဲ့ပါတယ်။ အဆိုပါ ဒဏ်ငွေပမာဏ၏ထက်ဝက်ကို ဇူလိုင်လ ၁ ရက် နောက်ဆုံးထားပေးဆောင်ရန်နဲ့ ဒဏ်ငွေပေးဆောင် ရန်ပျက်ကွက်ပါက ရုရှားအားကစားသမားများကို  လာမည့်တိုကျိုအိုလံပစ်ပြိုင်ပွဲတွင် ကြားနိုင်ငံသားများအဖြစ် ပါဝင်ယှဉ်ပြိုင်ခွင့်ပေးမည်မဟုတ်ဟု သတိပေးခဲ့ပါတယ်။ သို့သော်လည်း ရုရှားအားကစားသမားများအဖွဲ့ချုပ် အကြီးအကဲလက်ဗ်ဂျင်နီယာချန်ကိုက အဆိုပါဒဏ်ကြေးငွေပေးဆောင်ရန် ငွေကြေးလုံလောက်မှုမရှိဟု ရှင်းလင်းပြောကြားခဲ့တာကြောင့် ကမ္ဘာ့ပြေးခုန်ပစ်အဖွဲ့ချုပ်က အကြီးအကျယ်စိတ်ပျက်လျက်ရှိနေကြောင်း သိရှိရပါတယ်။                                                                                                                                   

(SO)






အခြားဆက်စပ်သတင်းများ