နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
MPT က King 7 Dynasty နှင့် အတူပူးပေါင်း၍ မြန်မာနိုင်ငံ၏ အကြီးမားဆုံးသော အွန်လိုင်းဂီတဖျော်ဖြေရေး ရုပ်သံအစီအစဉ် တစ်ခုဖြစ်သော Makeup Room Concerts အစီအစဉ်ကို မိတ်ဆက်

ရန်ကုန်   ဇူလိုင်    ၁၁


MPT သည် တေးဂီတထုတ်လုပ်သူအဖြစ် ဦးဆောင်လျက်ရှိသော King 7 Dynasty နှင့် ပူးပေါင်းကာ MPT အသုံးပြုသူများအတွက် အောင်မြင်ကျော်ကြားသော နိုင်ငံကျော်အနုပညာရှင်များ ပါဝင်ဖျော်ဖြေသွားမည့် တစ်မူထူးခြားဆန်းသစ်သည့် ဖျော်ဖြေရေးရုပ်သံအစီအစဉ်သစ်တစ်ခုကို ဖန်တီးတင်ဆက်သွားမည်ဖြစ် ကြောင်း သိရသည်။

အဆိုပါထူးခြားသော “Makeup Room  Concerts”  ဂီတဖျော်ဖြေရေး ရုပ်သံအစီအစဉ်တွင် အနုပညာရှင်များသည် ပရိသတ်များ၏ အကြိုက်နှစ်သက်ဆုံးသီချင်းများကို စတိတ်စင်၏ နောက်ဘက် ရှိ မိတ်ကပ်အခန်းပြင်ဆင်မှု၊ သရုပ်ဖော်မှုတို့ကို တိုက်ရိုက်သီဆိုဖျော်ဖြေမှုအသွင်ဖြင့် ဖျော်ဖြေတင်ဆက် သွားမည်ဖြစ်သည်။


“Makeup Room Concerts” အစီအစဉ်ကို MPT ၏ Web Portal https://bit.ly/MakeupRoom20   တွင် လာမည့် ဇူလိုင် ၁၉ ရက်မှစတင်၍ လစဉ်တိုက်ရိုက် LIVE ထုတ်လွှင့်တင်ဆက်သွားမည်ဖြစ်ပြီး ဖျော်ဖြေမှုအားလုံးကို အချိန်နှင့်တစ်ပြေးညီ တိုက်ရိုက် LIVE ထုတ်လွှင့်ပြသသွားမည်ဖြစ်သောကြောင့် MPT  အသုံးပြုသူများသည် မိမိတို့၏နေအိမ်၌ပင် လွယ်ကူအဆင်ပြေစွာ ကြည့်ရှုခံစားနိုင်မည်ဖြစ်ကြောင်းသိရ သည်။

အဆိုပါ “Makeup Room Concerts”  အစီအစဉ်သည်  MPT အသုံးပြုသူများအနေဖြင့် သီးသန့်ကြည့်ရှုနိုင် ရန်အတွက် အထူးအစီအစဉ်အဖြစ် ဆောင်ရွက်ပေးထားခြင်းဖြစ်ပြီး ဖျော်ဖြေမှုအစီအစဉ်များကို MPT Web portal https://bit.ly/MakeupRoom20 မှ မိုဘိုင်းလ်အင်တာနက်ဖြင့် လွယ်ကူအဆင်ပြေစွာ တိုက်ရိုက် ကြည့်ရှုနိုင်မည်ဖြစ်ကြောင်း သိရသည်။


ထို့အပြင် MPT သုံးစွဲသူများအနေဖြင့် မိမိတို့ကြိုက်နှစ်သက်သော အနုပညာရှင်များ၏ အထူးသီးသန့် ဖျော်ဖြေမှုများကို သတ်မှတ်ထားသော MPT Portal မှတစ်ဆင့် ကြည့်ရှုခံစားနိုင်ပြီး သုံးသလောက်ပေး အင်တာနက် (သို့မဟုတ်) MPT4U App မှာ ကိုယ်ကြိုက်နှစ်သက်တဲ့ ဒေတာပက်ကေ့ချ်များကို ဝယ်ယူပြီး          ကြည့်ရှုနိုင်မည်ဖြစ်သည်။                                                                                           


AMH(မြို့တော်သတင်း)






အခြားဆက်စပ်သတင်းများ