နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အကြံပေးပုဂ္ဂိုလ်ဟောင်း၏ ထောင်ဒဏ်ပြစ်ဒဏ်ကို ဒေါ်နယ်ထရမ့် လျှော့ပေါ့ပေး

ဇူလိုင် ၁၁၊ ဝါရှင်တန်


အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ယင်း၏အကြံပေးပုဂ္ဂိုလ်ဟောင်းဖြစ်သည့် ရော်ဂျာစတုန်း၏ ထောင်ဒဏ်ကို လျှော့ပေါ့ပေးခဲ့သည်။ ထောင်ဒဏ် ၄၀ စတင်ကျခံရမည့်နေ့ကို ရွှေ့ဆိုင်းပေးရန် ရော်ဂျာစတုန်း၏ မေတ္တာရပ်ခံချက်ကို ဝါရှင်တန်ဒီစီ အယူခံတရားရုံးက ပယ်ချခဲ့ပြီးနောက် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ယခုကဲ့သို့ ကြေညာခဲ့ခြင်းဖြစ်သည်။ ရော်ဂျာစတုန်းမှာ လွှတ်တော်ကို လိမ်ညာခြင်း၊ တားဆီးကန့်ကွက်ခြင်း၊ သက်သေများကို အကျပ်ကိုင်ခြိမ်းခြောက်ခြင်း စသည့်စွဲချက်များဖြင့် စီရင်ချက်ချမှတ်ခံခဲ့ရသည်။ 


၂၀၁၆ ခုနှစ် သမ္မတရွေးကောက်ပွဲတွင် ရုရှားနိုင်ငံက စွက်ဖက်ရန် ကြိုးပမ်းခဲ့သည်ဆိုသော တရားရေးဝန်ကြီးဌာန၏စုံစမ်းစစ်ဆေးမှုနှင့်ပတ်သက်၍ အပြစ်ရှိကြောင်း စစ်ဆေးတွေ့ရှိခဲ့သည့် ဒေါ်နယ်ထရမ့်၏ လက်ထောက်များအနက်  ရော်ဂျာစတုန်းမှာ ခြောက်ဦးမြောက်ဖြစ်သည်။ ရော်ဂျာစတုန်းကို လာမည့်အင်္ဂါနေ့တွင် ဂျော်ဂျီယာပြည်နယ် ပြည်ထောင်စုအကျဉ်းထောင်သို့ ပို့ဆောင် ရန် စီစဉ်ထားခြင်းဖြစ်သည်။ မိတ်ဆွေဖြစ်သူ၏ ထောင်ဒဏ်ကို လျှော့ချပေးခဲ့သည့်လုပ်ရပ်အရ ဒေါ်နယ်ထရမ့်မှာ အမေရိကန်နိုင်ငံသမိုင်းတွင် အကျင့်ပျက်ခြစားမှု အဆိုးရွားဆုံးကျူးလွန်သည့် သမ္မတဖြစ်ကြောင်း သက်သေပြနေသည်ဟု ဒီမိုကရက်တစ်အထက်လွှတ်တော်အမတ် အဲလိစဘတ်ဝါရင်းက ပြောသည်။

Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ