နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဆီးရီးယားနိုင်ငံသို့ အထောက်အပံ့ပစ္စည်းပေးပို့ရေးစာချုပ်ကို တစ်နှစ်သက်တမ်းတိုးရေးကိစ္စအတွက် ရုရှားနှင့် တရုတ်နိုင်ငံ ဗီတိုအာဏာဖြင့် ပယ်ချ

ဇူလိုင် ၁၁၊ ဝါရှင်တန်


တူရကီနိုင်ငံမှတစ်ဆင့် ဆီးရီးယားနိုင်ငံ အနောက်မြောက်ပိုင်းသို့ အထောက်အပံ့ပစ္စည်းများ ပေးပို့ရေးစာချုပ်ကို တစ်နှစ်သက်တမ်းတိုးရေးကိစ္စနှင့်ပတ်သက်၍ ရုရှားနှင့် တရုတ်နိုင်ငံက ကုလသမဂ္ဂ၏ လုံခြုံရေးကောင်စီတွင် တစ်ချက်လွှတ်အမိန့်ဖြင့် ပယ်ချခဲ့သည်။ လက်ရှိအချိန်အထိ လူသန်းပေါင်းများစွာအတွက် အစားအစာနှင့် အခြားအထောက်အပံ့ပစ္စည်းများကို အလက်ပိုပြည်နယ်နှင့် အစ်ဒ်လစ်ပြည်နယ် ( လက်နက်ကိုင်များ ထိန်းချုပ်ထား)ရှိ နယ်စပ်ဂိတ်များမှ ဖြတ်သန်းပို့ဆောင်လျက်ရှိသည်။ ဘယ်လ်ဂျီယံနှင့် ဂျာမနီနိုင်ငံ အဆိုပြုတင်သွင်းသည့် ဆုံးဖြတ်ချက်မူကြမ်းမှာ လာမည့်သောကြာနေ့တွင် သက်တမ်းကုန်ဆုံးမည့် အထောက်အပံ့ပစ္စည်း ပေးပို့ရေးစာချုပ်ကို သက်တမ်းတိုးရန် နောက်ဆုံးကြိုးပမ်းမှုဖြစ်သည်။ ရုရှားနိုင်ငံက နယ်စပ်ဂိတ်တစ်ခုကိုသာ ဖွင့်ပေးရန်လိုလားလျက်ရှိရာ အဆိုပါကိစ္စကို မဲခွဲဆုံးဖြတ်ဖွယ်ရှိနေသည်။ 


ဆီးရီးယားနိုင်ငံသို့ တင်ပို့သည့် အထောက်အပံ့ပစ္စည်းများကို ယင်းတို့၏မဟာမိတ်ဖြစ်သည့် သမ္မတအာဆတ်၏ အစိုးရအဖွဲ့ထံတစ်ဆင့်သာ ပေးပို့သင့်သည်ဟု ရုရှားနိုင်ငံက ဆိုသည်။ သို့သော် ဆီးရီးယားအစိုးရက လက်နက်ကိုင်များ ထိန်းချုပ်ထားသည့် ဒေသများသို့ အထောက်အပံ့ပစ္စည်း စီးဆင်းမှုကို ထိန်းချုပ်တတ်သည့်မှတ်တမ်းရှိသည်ဟု နိုင်ငံရေးသုတေသီများက ပြောသည်။ အထောက်အပံ့ငွေကြေးနှင့် စားသောက်ဖွယ်ရာများ မပို့ပေးနိုင်ပါက ဆီးရီးယားနိုင်ငံတွင် အစုလိုက်အပြုံလိုက် အငတ်ဘေးကြုံခြင်းနှင့် အစုလိုက်အပြုံလိုက် နေရပ်စွန့်ခွာမှုဖြစ်ပွားနိုင်သည်ဟု ပြီးခဲ့သည့်လတွင် ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် အကြီးအကဲက သတိပေးခဲ့သည်။

Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ