နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မာလီနိုင်ငံတွင် ဆန္ဒပြသူများက နိုင်ငံပိုင်ရုပ်သံလိုင်းကို သိမ်းပိုက်

ဇူလိုင် ၁၁၊ ဘာမာကို


မာလီနိုင်ငံရှိ ဆန္ဒပြသူများက ဘာမာကိုမြို့တွင် အကြီးအကျယ် ဆန္ဒထုတ်ဖော်နေစဉ် နိုင်ငံပိုင်ရုပ်သံလိုင်းကို သိမ်းပိုက်ခဲ့သည်။ ဆန္ဒပြသူအချို့က လွှတ်တော်အဆောက်အအုံအတွင်း ချိုးဖောက်ဝင်ရောက်ရန် ကြိုးပမ်းခဲ့ကြရာ ဆန္ဒပြသူများကို လူစုခွဲနိုင်ရန်အတွက် ရဲတပ်ဖွဲ့က မျက်ရည် ယိုဓာတ်ငွေ့အသုံးပြုခဲ့ပြီး သေနတ်ပစ်ခတ်ခဲ့သည်။ သမ္မတ ဘူဘာကာကီတာကို ရာထူးမှဆင်းပေးရန် တောင်းဆိုသည့် ဆန္ဒထုတ်ဖော်မှုများမှာ ယခုလအတွင်း သုံးကြိမ်ရှိလာခဲ့ပြီဖြစ်သည်။ မာလီနိုင်ငံတွင် ကာလရှည်ကြာမြင့်နေသည့် ဂျီဟတ်ပဋိပက္ခ၊ စီးပွားရေးအကျပ်အတည်း၊ အငြင်းပွားဖွယ် လွှတ် တော်ရွေးကောက်ပွဲများနှင့်ပတ်သက်၍ သဘောထားကွဲလွဲမှုများ ရှိနေသည်။ ကွန်ဆာဗေးတစ် အစ္စလာမ်တရားဟောဆရာ မာမွတ်ဒစ်ကို ဦးဆောင်သည့် အတိုက်အခံညွန့်ပေါင်းအဖွဲ့သစ်က သမ္မတဘူဘာကာကီတာကို ရာထူးမှနုတ်ထွက်ပေးရန် တောင်းဆိုထားခြင်းကို ယခုရက်သတ္တပတ်အတွင်း ရုပ်သိမ်းပေးခဲ့သည်။ သို့သော် သမ္မတဘူဘာကာကီတာက ညီညွတ်သောအစိုးရအဖွဲ့ ဖွဲ့စည်းရေးအပါအဝင် အလျှော့ပေးရန် ကမ်းလှမ်းချက်များကို ငြင်းဆန်ထားရာ အတိုက်အခံညွန့်ပေါင်းအဖွဲ့သစ်ကလည်း ပြုပြင်ပြောင်းလဲရေးလုပ်ရန် တောင်းဆိုထားသည်။ 


ယခုနောက်ဆုံး စုဝေးပွဲတွင် ဆန္ဒပြသူထောင်ပေါင်းများစွာက ဘာမာကိုမြို့တွင် လမ်းပေါ်ထွက်ခဲ့ကြသည်။ ဆန္ဒပြသူအချို့က အခိုက်အတန့်ကြာ ချိုးဖောက်ဝင်ရောက်ခဲ့ခြင်းကြောင့် နိုင်ငံပိုင်ရုပ်သံလိုင်း ORTM ကို ထုတ်လွှင့်မှု ရပ်ဆိုင်းခဲ့ရသည်။ ထို့အပြင် ဆန္ဒပြသူများက အတားအဆီးများကို မီးရှို့ပြီး လမ်းများကို ပိတ်ဆို့ခဲ့ကြသည်။ သတင်းရင်းမြစ်များ၏ ပြောကြားချက်အရ လွှတ်တော်အပြင်ဘက်တွင် အနည်းဆုံး လူတစ်ဦး သေဆုံးခဲ့သည်ဟု သိရသည်။ သမ္မတဘူဘာကာကီတာမှာ ၂၀၁၈ ခုနှစ်က ဒုတိယမြောက် ငါးနှစ်သက်တမ်း တာဝန်ထမ်းဆောင်ခွင့်ရခဲ့သော်လည်း ဂျီဟတ်အကြမ်းဖက်မှုမြင့်တက်လာပြီး စီးပွားရေးအကျပ်အတည်းကြောင့် အတိုက်အခံများ ပိုများလာခဲ့သည်။

Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ