နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
Wear 3100 သုံးထားသည့် Skagen Falster 3 စမတ်နာရီကို ကြေညာ

ဒိန်းမတ်စမတ်နာရီကုမ္ပဏီ Skagen က စမတ်နာရီသစ်ဖြစ်သည့် Falster 3 ကို ကြေညာလာသည်။ Skagen Falster 3 မှာ ၄၂ မီလီမီတာအဝိုင်း ဒီဇိုင်းသုံးထားပြီး မျက်နှာပြင် ၁ ဒသမ ၃ လက်မ သုံးထားကာ AMOLED 328x328px Resolution ရုပ်ထွက်သုံးထားသည်။ အဆိုပါစမတ်နာရီမှာ Google WearOS သုံးထားပြီး GPS ပါဝင်ကာ Cardiogram App ထောက်ပံ့မှုပါဝင်သည်။ Skagen Falster 3 ကို Qualcomm Snapdragon Wear 3100 ၊ RAM1GB နှင့် အထိုင်ချထားပြီး Storage 8GB ပါဝင်သည်။ Bluetooth ၊ Wi-Fi ၊ Heart Rate Tracking ၊ GPS ၊ NFC ပါဝင်ပြီး Fast Charging ထောက်ပံ့ထားခြင်းကြောင့် မိနစ် ၅၀ အားသွင်းရုံဖြင့် ဘက်ထရီ ၈၀ ရာခိုင်နှုန်းရရှိမည်ဖြစ်သည်။ Skagen Falster 3 မှာ Spotify ၊ Noonlight၊ Cardiogram App တို့ကို တပါတည်း ထည့်သွင်းထားပြီး နှလုံး ခုန်နှုန်းကို ဆရာဝန်၊ မိသားစုများထံသို့ လွှဲပြောင်းပေးနိုင်သည်။ Skagen Falster 3 ကို ဒီဇိုင်း သုံးမျိုးနှင့် ရွေးချယ်နိုင်ပြီး KYGO နှင့်ပူးပေါင်းဖန်တီးထားသည့်အထူး ဗားရှင်းကိုလည်း ရောင်းချသွားမည် ဖြစ်သည်။ ဈေးနှုန်းအနေဖြင့် ၃၀၆ ဒေါ်လာ သတ်မှတ်ထားသည်။ (သူရိန်)






အခြားဆက်စပ်သတင်းများ