နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရဲတပ်ဖွဲ့ဝင်ရှစ်ဦးကို သတ်ခဲ့သည်ဆိုသူကို အိန္ဒိယရဲတပ်ဖွဲ့က အသေဖမ်းဆီး

ဇူလိုင် ၁၀၊ နယူးဒေလီ


အိန္ဒိယနိုင်ငံမြောက်ပိုင်း ဥတ္တာပရာဒက်ရှ်ပြည်နယ်တွင် ရဲတပ်ဖွဲ့ဝင်ရှစ်ဦးကို သတ်ဖြတ်ခဲ့သည်ဆိုသည့် အမျိုးသားတစ်ဦးကို အသေဖမ်းဆီးခဲ့ကြောင်း အိန္ဒိယရဲတပ်ဖွဲ့က ပြောသည်။ ရဲတပ်ဖွဲ့ဝင်များကို အလစ်အငိုက် တိုက်ခိုက်ခဲ့ပြီးနောက် ရက်သတ္တပတ်နီးပါး ထွက်ပြေးတိမ်းရှောင်နေသည့် ဗီကက်စ်ဒူဘေး ကို ပြီးခဲ့သည့်ကြာသပတေးနေ့က ဥတ္တာပရာဒက်ရှ်ပြည်နယ်၏ အိမ်နီးချင်းဖြစ်သည့် မဟာပရာဒက်ရှ် ပြည်နယ်တွင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။ ဗီကက်စ်ဒူဘေးကို မဟာပရာဒက်ရှ်ပြည်နယ် ဘုရားကျောင်းအတွင်း အက်ရှင်ဇာတ်ကားများထဲမှ ပုံစံအတိုင်း လိုက်လံဖမ်းဆီးခဲ့ရခြင်းဟု ဆိုသည်။ သို့သော် အချို့သတင်းများတွင် ဗီကက်စ်ဒူဘေးက လူသိရှင်ကြား လက်နက်ချ အဖမ်းခံခဲ့ခြင်းဟု ဖော်ပြထားသည်။ 


ရဲတပ်ဖွဲ့က ယင်းကို ဥတ္တာပရာဒက်ရှ်ပြည်နယ်သို့ ဖမ်းဆီးခေါ်ဆောင်လာစဉ် လမ်းတွင် ကားမှောက် ခဲ့ပြီး ဗီကက်စ်ဒူဘေးက ရဲတပ်ဖွဲ့ဝင်တစ်ဦး၏  သေနတ်ကို လုယူ၊ ထွက်ပြေးရန် ကြိုးပမ်းခဲ့ ကြောင်း၊ ဗီကက်စ်ဒူဘေးက လက်နက်ချရန် ငြင်းဆန်ခဲ့ပြီး ရဲတပ်ဖွဲ့ဝင်များက ပစ်ခတ်ခဲ့ခြင်းကြောင့် ယင်းကို အသေဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု ရဲချုပ် မိုဟစ်အဂါဝယ်က ပြောသည်။ ဗီကက်စ်ဒူဘေး ကို ရုံးတင်စစ်ဆေးနိုင်ရန်အတွက် ဘေးကင်းလုံခြုံစွာ ဖမ်းဆီးခေါ်ဆောင်ပေးရန် အတိုက်အခံနိုင်ငံရေး သမားများက ရဲတပ်ဖွဲ့ကို တောင်းဆိုခဲ့သော်လည်း ယခုကဲ့သို့ အသေဖမ်းဆီးမှု ကြုံခဲ့ခြင်းဖြစ်သည်။ 


Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ