နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
၂၀၂၄-၂၅ ဘောလုံးရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲ ကျင်းပမည့်ရက် ထုတ်ပြန်ကြေညာ

ဧပြီ ၂၆

ပရီးမီးယားလိဂ်ဘောလုံး အဖွဲ့ချုပ်က လာမည့် ၂၀၂၄-၂၀၂၅ ဘောလုံးရာသီ ပရီးမီးယားလိဂ် ပြိုင်ပွဲကျင်းပမည့် ရက်ကိုအတည် ပြုထုတ်ပြန်ခဲ့ကြောင်း သိရ သည်။

ယခုနှစ် ဘောလုံးရာသီ ပရီးမီးယားလိဂ် ပြိုင်ပွဲကိုပြီးခဲ့ သည့် ၂၀၂၃ ခုနှစ်၊ ဩဂုတ် ၁၂ ရက်က စတင်ခဲ့ပြီးလာမည့် မေ ၁၁ ရက်တွင် အဆုံးသတ်မည် ဖြစ်ကာ လက်ရှိတွင် ပွဲစဉ်၃၄ ထိ ရှိနေပြီဖြစ်ပြီးရာသီပြီးဆုံး ရန်မှာလည်းပွဲစဉ်အနည်းငယ် သာ ကျန်ရှိတော့မည်ဖြစ်သည်။

ပရီးမီးယားလိဂ်ဘောလုံး အဖွဲ့ချုပ်က ၂၀၂၄-၂၀၂၅ ဘောလုံးရာသီ ပရီးမီးယားလိဂ် ပြိုင်ပွဲ ကျင်းပမည့်ရက်ကိုထုတ် ပြန်ခဲ့ရာ ယခုနှစ်ဘောလုံး ရာသီထက် ငါးရက် နောက်ဆုတ် ကာ ကျင်းပသွားမည်ဖြစ်ပြီး ပရီးမီးယားလိဂ် ပွဲစဉ် ၁ ကို ၂၀၂၄ ခုနှစ်၊ ဩဂုတ် ၁၇ ရက်တွင် စတင်ကျင်းပသွားမည်ဖြစ်ကာ နောက်ဆုံး ရာသီပိတ်ပွဲစဉ်ကို ၂၀၂၅ ခုနှစ်၊ ဇွန်လတွင် အဆုံး သတ်မည်ဖြစ်သည်။

ယခုနှစ် ဘောလုံးရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲတွင်ရာသီ ပြီးဆုံးရန် နီးကပ်လာသည့် အချိန်ထိ ချန်ပီယံဆု အတွက် အာဆင်နယ်၊ လီဗာပူးနှင့် မန်စီး တီးအသင်းတို့က အားပြိုင်နေရ ကြောင်း သိရသည်။          







 သူရိန်






အခြားဆက်စပ်သတင်းများ