နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တိုက်စစ်မှူး ဝယ်လ်ဆင် နယူးကာဆယ်အသင်းမှ လာမည့်နွေရာသီတွင် ထွက်ခွာမည်

ဧပြီ ၂၆

နယူးကာဆယ်အသင်း သည် လာမည့် ၂၀၂၅ ခုနှစ်တွင် စာချုပ်သက်တမ်းကုန်ဆုံးမည့် တိုက်စစ်မှူး ဝယ်လ်ဆင်ကို သက်တမ်းတိုးစာချုပ်ချုပ်ဆိုရန် ကမ်းလှမ်းမှု မပြုလုပ်သော ကြောင့် ကစားသမားအနေဖြင့် လာမည့် နွေ ရာသီတွင် အသင်းမှ ထွက်ခွာမည်ဖြစ်ကြောင်း သိရ သည်။

တိုက်စစ်မှူးဝယ်လ်ဆင် သည် ယခုနှစ် အမှတ်ပေးပြိုင်ပွဲ တွင် အသင်းအတွက် ၁၆ ပွဲပါဝင် ကစားပေးခဲ့ရာ သွင်းဂိုးခုနစ်ဂိုး နှင့် ဂိုးဖန်တီးမှု တစ်ကြိမ်ပြုလုပ် နိုင်ခဲ့သော်လည်း ၎င်းအနေဖြင့် ဒဏ်ရာပြဿနာ မကြာခဏရှိ နေခြင်းကြောင့် ကြံ့ခိုင်မှုအား နည်းလာသည့် ဝယ်လ်ဆင်ကို သက်တမ်းတိုးရန် မစီစဉ်တော့ ဘဲ ရောင်းချရန် ဆုံးဖြတ်ခဲ့ခြင်း ြစ်သည်။

ဝယ်လ်ဆင်သည် ပြီးခဲ့သည့် နှစ်က အသင်းအတွက် ၃၆ ပွဲထိ ပါဝင်ကစားပေးခဲ့ပြီး သွင်းဂိုး ၁၈ ဂိုးထိ သွင်းယူ၍ အသင်းကို ချန်ပီယံလိဂ် ဝင်ခွင့်ရရှိအောင် ကူညီပေးနိုင်ခဲ့သော်လည်း ယခုနှစ် ဘောလုံးရာသီတွင် ကြွက်သား ဒဏ်ရာလေးကြိမ်ထိ ရရှိခဲ့ပြီး ပထမအကြိမ်တွင် ၁၃ ရက်၊ ဒုတိယအကြိမ်တွင် ၃၁ ရက်၊ တတိယအကြိမ်တွင် ၃၇ ရက်နှင့် ယခုတစ်ကြိမ်တွင် ၆၄ ရက်ထိ အနားယူခဲ့ရသောကြောင့်ပွဲ ကစားခွင့် လျော့နည်းလာခဲ့ပြီး လာမည့် နွေရာသီတွင် အသင်းမှ ထွက်ခွာရန် စီစဉ်နေကြောင်း သိရသည်။








သူရိန်






အခြားဆက်စပ်သတင်းများ