နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ ပြည်သူ့ကျန်း မာရေးဌာနသည် အများပြည်သူနေရာများတွင် ကျန်းမာရေး အထောက်အကူပြု လုပ်ငန်းများ စဉ်ဆက်မပြတ်ဆောင်ရွက် လျက်ရှိ

ဧပြီ ၂၄ ရက်က ဒလမြို့နယ်၊ ကမာကဆစ်ရပ်ကွက်၊ ဒလ-တွံတေးလမ်းရှိ ကမာကဆစ်စျေးအတွင်း စျေးများနှင့် ကုန်စည်ပွဲရုံများဌာနမှ ဝန်ထမ်းများနှင့် ပူးပေါင်း၍ ဈေးအတွင်း သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရန်အတွက် ဈေးရှိ ရေကန်များအတွင်း အဘိတ်ဆေးခတ်ခြင်း ၊ ဖုံးသွန်လဲစစ်လုပ်ခြင်း၊ ဝမ်းပျက်ဝမ်းလျှောရောဂါနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် ရေး၊ စားသောက်ကုန်များရောင်းချရာတွင် ခွင့်မပြုဆိုးဆေး၊ ဖော် မလင်၊ ဓာတုဆေးများအသုံးမပြုရေး ကျန်းမာရေးအသိပညာပေး လက်ကမ်းစာစောင်များပေးဝေခြင်း၊ ဈေးအတွင်း ရောင်းချ သော သားစိမ်း၊ ငါးစိမ်းဆိုင်များ၊ ကုန်ခြောက်ဆိုင်များ၊ ဟင်းသီး ဟင်းရွက်ဆိုင်များ သန့်ရှင်းလတ်ဆတ်မှု ရှိ/မရှိ စစ်ဆေးခြင်းများ ဆောင်ရွက်ကြစဉ်။                                                           






ယဉ်မွန်






အခြားဆက်စပ်သတင်းများ