နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
စွမ်းဆောင်မှုကောင်းသော်လည်း လာလီဂါကို ပထမဆုံးနှုတ်ဆက်ခဲ့ရတဲ့ အက်စ်ပန်ညိုအသင်း

ဇူလိုင်    ၁၀


ရီးရဲလ်တို့ကို ဆက်လက်ဖိအားပေးနိုင်ဖို့ ဘာစီလိုနာတို့ အနိုင်ရဖို့လိုအပ်နေတဲ့အချိန်မှာ တန်းဆင်းဇုန် အောက်ဆုံးက အက်စ်ပန်ညိုကို အိမ်ကွင်းမှာဧည့်ခံကစားခဲ့ပါတယ်။ အိမ်ရှင်တို့ပွဲအစမှာထဲက တစ်ဖက် အသင်းကို ဖိအားပေးကစားဖို့ ကြိုးစားသော်လည်း အက်စ်ပန်ညိုရဲ့တန်းဆင်းဇုန်ကလွတ်ရေး ရုန်းကန် အားကြောင့် လွယ်ကူမှုမရခဲ့ပါဘူး။ ရမှတ် ၂၄ မှတ်နဲ့ ၄ ပွဲပဲ ကျန်တဲ့ အက်စ်ပန်ညိုအသင်းအတွက်တော့ မျှော်လင့်ချက်နည်းပါးသွားခဲ့ပါတယ်။

လက်ကျန်ပွဲတွေအားလုံးနိုင်ဖို့နဲ့ ကျန်အသင်းတွေရှုံးမှသာလျှင် အခွင့်အရေးလေးပြန်ရလာမှာပါ။ ဘာစီနဲ့ပွဲမှာ အက်စ်ပန်ညိုတို့ အခွင့်အရေးတွေရခဲ့ပါတယ်။ အသုံးမချနိုင်ခဲ့ပါဘူး။ ဘာစီကစားသမား ဖာတီကို မိနစ် ၅၀ မှာ အနီကတ်ပြထုတ်ပယ်ခံရတာကြောင့် အက်စ်ပန်ညိုတို့ကစားသမားတစ်ဦး အသာနဲ့ ကစားခွင့်ရခဲ့ပါတယ်။ ဒါပေမဲ့ လော်ရန်ဇိုတစ်ယောက် ပြစ်ဒဏ်လုပ်ခဲ့တယ်လို့ VAR ဆုံးဖြတ်ချက်ကြောင့် အနီကတ်ပြထုတ်ပယ်ခံရတာကြောင့် အခွင့်အရေးတွေ တန်းတူပြန်ဖြစ်သွားပါတယ်။ ဘာစီလိုနာဟာ ဆွာရက်ရဲ့ တစ်လုံးတည်းသောဂိုးနဲ့ပဲ အက်စ်ပန်ညိုကိုအနိုင်ယူပြီး ရမှတ် ၇၆ မှတ်ရရှိလာပါတယ်။ ဒီပွဲမှာ အက်စ်ပန်ညိုဟာ ဘောလုံးပိုင်ဆိုင်မှု ၂၆ ရာခိုင်နှုန်းသာရှိခဲ့ပေမဲ့ ဘာစီရဲ့ ဂိုးပေါက်ကို ၁၁ ကြိမ်ကန်ခဲ့ပြီး ၂ ကြိမ်ဂိုးပေါက်ကို သေချာပေါက် ခြိမ်းခြောက်နိုင်ခဲ့ပါတယ်။ ဒီပွဲမှာ အက်စ်ပန်ညိုက ဘာစီလိုနာထက် ပိုစွမ်းဆောင်မှုကောင်းခဲ့တာအမှန်ပဲဖြစ်ပါတယ်။ ဒါပေမဲ့လည်း အက်စ်ပန်ညိုဟာ လာလီဂါမှာ ပထမဆုံးတန်းဆင်း သွားရတဲ့ အသင်းဖြစ်သွားတာတော့ သေချာပါတယ်။                                                                            


So






အခြားဆက်စပ်သတင်းများ