နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တစ်သက်တာပွဲပယ်ခံရတဲ့ အမေရိကန်လက်ဝှေ့သမား ဂျာရယ်မီလာရဲ့ ရင်ဖွင့်သံ

ဇူလိုင်    ၁၀


တားမြစ်ဆေးစစ်ဆေးရာတွင် ဆေးကျမှုများဆက်တိုက်ဖြစ်ပေါ်နေတဲ့အတွက် အလွန်စိတ်ပျက် မိကြောင်း၊ မိမိအနေဖြင့် တစ်သက်တာပွဲပယ်ပြစ်ဒဏ်ချခံရရန် မထိုက်တန်ကြောင်း၊ အမေရိကန် ဟဲဗီးဝိတ်လက်ဝှေ့သမား ဂျာရယ်မီလာရင်ဖွင့်ပြောဆိုသွားပါတယ်။ အသက် ၃၁ နှစ်ရှိ ဂျာရယ်မီလာဟာ အန်တိုနီဂျော်ရှုအာနဲ့ မထိုးသတ်မီ ၂၀၁၉ ခုနှစ်ဇွန်လတွင် ဆေးကျခဲ့သလို ယခုအခါထပ်မံစစ်ဆေးရာမှာလည်း တားမြစ်ဆေးသုံးစွဲထားတဲ့ အထောက်အထားတွေတွေ့ရှိခဲ့ရပါတယ်။


ဂျာရယ်မီလာက “ကျွန်တော့်ထက်ပိုပြီး စိတ်ပျက်ရတဲ့သူရှိမှာမဟုတ်ပါဘူး၊ ကျွန်တော့်အတွက် သန်းနဲ့ချီပြီး ဒေါ်လာငွေတွေ လက်လွတ်ဆုံးရှုံးရတာဖြစ်ပါတယ်။ ကစားသမားဘဝကလည်း မရေရာဖြစ်သွား ရပါတယ်။ ကျွန်တော်အမှားလုပ်ခဲ့မိတာတွေရှိပါတယ်။ ဒါပေမဲ့ ကျွန်တော်ဘာကြောင့် လက်ဝှေ့ကြိုးဝိုင်း ထဲဝင်ချင်ရသလဲဆိုတာကို လူတွေစဉ်းစားစေချင်တယ်။ ပွဲပယ်ပြစ်ဒဏ်ကိုလက်ခံဖို့ ပြင်ဆင်ထားပေမဲ့ တစ်သက်လုံးပယ်တာတော့ မဖြစ်သင့်ပါဘူး”လို့ ဂျာရယ်မီလာက ရင်ဖွင့်ပြောဆိုသွားခဲ့ပါတယ်။                


So






အခြားဆက်စပ်သတင်းများ