နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ယူကရိန်းလက်ဝှေ့သမား လိုမာချန်ကိုနှင့် အမေရိကန်လက်ဝှေ့သမား လိုပက်ဇ်တို့၏ ပွဲစဉ်ကို ထပ်မံရွှေ့ဆိုင်း

ဇူလိုင်    ၁၀


WBA (Super)၊ WBO တို့၏ လိုက်ဝိတ်တန်းချန်ပီယံ၊ WBC လိုက်ဝိတ်တန်းယာယီချန်ပီယံ လိုမာချန်ကိုနှင့် IBF လိုက်ဝိတ်တန်းချန်ပီယံ လိုပက်ဇ်တို့၏ပွဲစဉ်ကို လာမည့် အောက်တိုဘာ ၃ ရက်သို့ ထပ်မံရွှေ့ဆိုင်းခဲ့ကြောင်း သိရသည်။


ယူကရိန်းလက်ဝှေ့သမား လိုမာချန်ကိုနှင့် အမေရိကန်လက်ဝှေ့သမား လိုပက်ဇ်တို့၏ စိန်ခေါ်ပွဲကို ပြီးခဲ့သည့် မေ ၃၀ ရက်က ထိုးသတ်သွားရန်စီစဉ်ခဲ့သော်လည်း COVID-19 ကမ္ဘာ့ကပ်ရောဂါကြောင့် လာမည့် စက်တင်ဘာ ၁၉ ရက်သို့ ရွှေ့ဆိုင်းခဲ့သည်။ သို့သော် အခက်အခဲများရှိနေသောကြောင့် အဆိုပါပွဲစဉ်ကို အောက်တိုဘာ ၃ ရက်သို့ ထပ်မံရွှေ့ဆိုင်းခဲ့ခြင်းဖြစ်သည်။


“လိုမာချန်ကိုနဲ့ လိုပက်ဇ်တို့ရဲ့ ပွဲစဉ်ကို လာမယ့်စက်တင်ဘာ ၁၉ ရက်မှာ ကျင်းပသွားဖို့ စီစဉ်ခဲ့ပါတယ်၊ အဲဒီပွဲစဉ်ကို ထုတ်လွှင့်ဖို့အတွက် ရုပ်သံတွေနဲ့ ညှိနှိုင်းတဲ့နေရာမှာ အချိန်ကာလအခက်အခဲတွေ ရှိနေတဲ့ အတွက် အောက်တိုဘာ ၃ ရက်ကို ရွှေ့ဆိုင်းဖို့ဆုံးဖြတ်ခဲ့ပါတယ်၊ အဲဒီပွဲစဉ်မှာ ပရိသတ်တွေကိုလည်း ဝင်ရောက်ကြည့်ရှုနိုင်အောင် စီစဉ်ထားပါတယ်၊ ဒါပေမဲ့ ပရိသတ်တွေကို အကန့်အသတ်နဲ့ ဝင်ခွင့်ပြုမှာပါ၊ ပရိသတ်အယောက် ၂၀၀၀ နဲ့ ၂၅၀၀ ကြား ဝင်ခွင့်ပြုနိုင်အောင် စီစဉ်ထားပါတယ်” ပွဲစီစဉ်သူတစ်ဦးက ပြောကြားခဲ့သည်။                                                                                                                          


(သူရိန်)






အခြားဆက်စပ်သတင်းများ