နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဥရောပမှာ ထွန်းတောက်လာဦးမဲ့ တောင်ကိုးရီးယားကစားသမား ဟွမ်ဟီးချန်

ဇူလိုင်    ၁၀


တောင်ကိုရီးယားလက်ရွေးစင် ဟွမ်ဟီးချန်ဟာ ၂၀၁၆ ခုနှစ်မှာ ဆဲလ်ဘတ်အသင်းကို စတင်ရောက်ရှိ လာပြီး အဲဒီရာသီမှာပဲ အသင်းအတွက် ၁၂ ဂိုးထိသွင်းယူပေးတဲ့ ကစားသမားကောင်းတစ်ယောက်အဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ ၂၀၁၇−၂၀၁၈ ခုနှစ် ဘောလုံးရာသီမှာ ဂျာမန်ကလပ်ဟမ်းဘတ်ကို အငှားပြောင်းရွှေ့ ခဲ့ရာမှာတော့ ပွဲပေါင်း ၂၀ ကျော်မှာ ၃ ဂိုးသာသွင်းယူနိုင်ခဲ့ပါတယ်။ ဂျာမန်ဘွန်ဒက်စ်လီဂါကလပ် RB LeipZig အသင်းဟာ တိုက်စစ်မှုး တီမိုဝါနာပြောင်းရွှေ့သွားတာကြောင့် တိုက်စစ်မှုးနေရာဖြည့်တင်းဖို့ ဟွမ်ဟီးချန်ကို ပြောင်းရွှေ့ကြေးပေါင် ၁၄ သန်းနဲ့ ငါးနှစ်စာချုပ်ချုပ်ဆိုခေါ်ယူတော့မှာ ဖြစ်ပါတယ်။ 


လက်ရှိဆဲလ်ဘတ်က အသင်းမှာပြန်ကစားနေတဲ့ ဟွမ်ဟီးချန်ဟာ ဆဲလ်ဘတ်နည်းပြရဲ့ နည်းစနစ် အောက်မှာ အံဝင်အသားကျခဲ့ပြီး အသင်းအတွက် ၄၂ ပွဲကစားပြီး ၁၆ ဂိုးအထိ သွင်းယူပေးနိုင်ခဲ့ပါတယ်။ RB Leipzig ရဲ့ အားကစားဒါရိုက်တာက “တောင်ကိုရီးယားသားဟာ တိုက်စစ်နေရာစုံမှာ ကစားနိုင်ပြီး သူရဲ့ လျင်မြန်မှု၊ ချိန်သားကိုက်ရွေ့လျားမှုတွေက အသင်းကိုများစွာအကျိုးပြုခဲ့ပါတယ်။ ဒီနှစ်သြစတြေးလျလိဂ်မှာ သူခြေစွမ်းပြနိုင်ခဲ့ပြီး ဂိုးတွေလဲအများကြီးသွင်းကာ အသင်းဖော်တွေအတွက်လည်း ဖန်တီးပေးနိုင်တဲ့ စွမ်းဆောင်ရည်တွေပြသနိုင်ခဲ့ပါတယ်လို့” ဟွမ်ဟီးချန်ကို ကြိုဆိုရင်းပြောကြားခဲ့ပါတယ်။ 


ဟွမ်ကလည်း  “ကျွန်တော်စိန်ခေါ်မှုအသစ်တွေနဲ့ ကြုံရတော့မှာပါ။ အသင်းအောင်မြင်ဖို့အတွက် အကောင်းဆုံးအကူအညီပေးသွားမှာပါ။ အသင်းရဲ့ကစားတဲ့ပုံစံ၊ အနာဂတ်မျှော်မှန်းချက်တွေဟာ ကျွန်တော်နဲ့ကွက်တိကျပါတယ်။ အသင်းမှာအောင်မြင်တဲ့ ကစားသမားတစ်ယောက်ဖြစ်ချင်ပြီး ဂိုးတွေလဲ အများကြီးသွင်းယူချင်ပါတယ်” လို့ ဖွင့်ဟခဲ့ပါတယ်။ ဟွမ်ဟီုးချန်တစ်ယောက် ဥရောပမှာထွန်းတောက် လာမလားဆိုတာတော့ စောင့်ကြည့်သွားရမှာဘဲဖြစ်ပါတယ်။                                                                


So






အခြားဆက်စပ်သတင်းများ