နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အီရန်နိုင်ငံအတွက် သူလျှိုလုပ်သည်ဆိုသည့် အမျိုးသားတစ်ဦးကို အစ္စရေးနိုင်ငံက စွဲချက်တင်

ဧပြီ ၈၊ တီဟီရန် အီရန်နိုင်ငံအတွက် သူလျှိုလုပ်ပြီး အကြမ်းဖက်တိုက်ခိုက်မှုများလုပ်ရန် စီစဉ်နေသည်ဆိုသော စွပ်စွဲချက်ဖြင့် အစ္စရေးအမျိုးသားတစ်ဦးကို အစ္စရေးနိုင်ငံက စွဲချက်တင်ခဲ့သည်။ ယင်းအမျိုးသားမှာ တိုက်ခိုက်မှုများလုပ်ရာတွင် အစ္စရေးအာရပ်များကို အားဖြည့်ရန်အတွက် အီရန်ထောက်လှမ်းရေးအဖွဲ့နှင့် ဆွေးနွေးခဲ့သည်ဟု အစ္စရေးနိုင်ငံ ပြည်တွင်းလုံခြုံရေးဌာန(Shin Bet)က ပြောသည်။ အဆိုပါအမျိုးသားမှာ အစ္စရေးနိုင်ငံ၏ လုံခြုံရေးကို ချိုးဖောက်မှုဖြင့် စွဲချက်တင်ခံထားရသည်။ အီရန်နိုင်ငံက အစ္စရေးနိုင်ငံကို ကမ္ဘာ့မြေပုံပေါ်မှ ပျောက်ကွယ်သွားအောင်လုပ်မည်ဟု ကြုံးဝါးထားရာ ယင်းတို့ နှစ်နိုင်ငံကြား ဆက်ဆံရေးတင်းမာလျက်ရှိသည်။ အစ္စရေးနိုင်ငံ၏ တရားရေးစနစ်အရ အဆိုပါအမျိုးသား၏အမည်ကို ဖော်ပြခွင့် မရှိပေ။ ယင်း အမျိုးသားကို ဝှက်စာဖော်သည့် ကိရိယာတစ်ခု၊ ကွန်ပျူတာ Hard Drive တစ်ခုနှင့်အတူ ပြီးခဲ့သည့်လက ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း Shin Bet က ပြောသည်။ အစ္စရေးနိုင်ငံ၏ အရေးကြီး တည်နေရာများအကြောင်း သတင်းအချက်အလက်ပေးရန်အတွက် အီရန်နိုင်ငံက အဆိုပါအမျိုးသားကို ငွေပေးခိုင်းစေခဲ့ခြင်းဖြစ်သည်ဟု Shin Bet အေဂျင်စီက ပြောသည်။ ပြီးခဲ့သည့်နှစ်ကလည်း အစ္စရေးအစိုးရအဖွဲ့ ဝန်ကြီးဟောင်းတစ်ဦးဖြစ်သည့် ဂိုနန်ဆီဂက်ဗ်မှာလည်း အီရန်နိုင်ငံအတွက် သူလျှိုလုပ်ခဲ့သည်ဟု ဝန်ခံခဲ့ခြင်းကြောင့် ထောင်ဒဏ်ချမှတ်ခံခဲ့ရဖူးသည်။ Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ