နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ငြိမ်းချမ်းရေးဆွေးနွေးပွဲမှ တာလီဘန်အဖွဲ့ နုတ်ထွက်

ဧပြီ ၈၊ ကာဘူးလ် တာလီဘန်အဖွဲ့မှာ အာဖဂန်နစ္စတန်နိုင်ငံတွင် ငြိမ်းချမ်းရေးရယူရန် လမ်းဖွင့်ပေးနိုင်မည်ဟု ယူဆခဲ့ကြသည့် သမိုင်းဝင်ဆွေးနွေးပွဲများမှ နုတ်ထွက်ခဲ့ကြသည်။ အာဖဂန်နစ္စတန်အစိုးရအဖွဲ့နှင့် ပထမဆုံးအကြိမ် မျက်နှာချင်းဆိုင် တွေ့ဆုံဆွေးနွေးမှုမှာ အကျိုးမရှိခဲ့ကြောင်း တာလီဘန်အဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။ အမေရိကန်တပ်ဖွဲ့နှင့် တာလီဘန်အဖွဲ့ကြား သဘောတူညီထားသည့် အကျဉ်းသားလဲလှယ်ရေးကိစ္စနှင့်ပတ်သက်၍ ဆွေးနွေးရာတွင် သဘောထားကွဲလွဲမှုများ ဖြစ်ပေါ်ခဲ့ခြင်းဟု ဆိုသည်။ အကျဉ်းသားလဲလှယ်ရေးအစီအစဉ်မှာ စစ်ပွဲအဆုံးသတ်စေမည့် ခြေလှမ်းတစ်ရပ်ဖြစ်မည်ဟု ယူဆခဲ့သော်လည်း အာဖဂန်နစ္စတန်အရာရှိများက အကျဉ်းသားများ ပြန်လွှတ်ပေးမည့် အစီအစဉ်ကို အချိန်ဆွဲရန် ကြိုးပမ်းနေသည်ဟု တာလီဘန်အဖွဲ့က ပြောသည်။ သို့သော် တာလီဘန်အဖွဲ့ရဲ့ တောင်းဆိုချက်များမှာ ယုတ္တိမရှိကြောင်း အာဖဂန်နစ္စတန်အရာရှိများက တုံ့ပြန်ခဲ့သည်။ ကြီးမားသည့် တိုက်ခိုက်မှုများတွင် ပါဝင်ခဲ့ဖွယ်ရှိသည့် တပ်မှူး ၁၅ ဦးကို ပြန်လွှတ်ပေးရန် တာလီဘန်အဖွဲ့က တောင်းဆိုခဲ့သည်ဟု အာဖဂန်နစ္စတန်အစိုးရ၏ ဆွေးနွေးညှိနှိုင်းရေးအဖွဲ့တွင် ပါဝင်သူတစ်ဦးက ပြောသည်။ '' ပြည်သူတွေကို သတ်ခဲ့သူတွေကို ကျွန်တော်တို့ လွှတ်မပေးနိုင်ပါဘူး''ဟု ယင်းက ဆိုသည်။ အကြမ်းဖက်တိုက်ခိုက်မှုများ သိသိသာသာ လျော့နည်းသွားစေရန်အတွက် အတုံ့အလှည့်အနေဖြင့် ခြိမ်းခြောက်နိုင်စွမ်း နည်းပါးသည့် တာလီဘန်အဖွဲ့ဝင် ၄၀၀ ကို ပြန်လွှတ်ပေးလိုသည်ဟု အာဖဂန်နစ္စတန်အစိုးရက ပြောသည်။ Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ